အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ကျေးရွာလူထုနှင့် တွေ့ဆုံဟောပြော

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးသောင်းငြိမ်းသည် မတ်လ (၂၁) ရက် နံနက် (၁၀) နာရီခွဲအချိန်က အမ်းမြို့နယ်၊ တောင်ဖီလာ ကျေးရွာအုပ်စု၊ ကျေးရွာပြည်သူလူထုနှင့် အဆိုပါ ကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း သိမ်တော်အရှေ့ ပရဝုဏ်အတွင်း၌ တွေ့ဆုံခဲ့ကြသည်။

အဆိုလူထုတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသောင်းငြိမ်း၊ ဦးတင်အောင် (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း)၊ မြေပုံမြို့နယ် ပါတီဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အမ်းမြို့နယ် ပါတီကော်မတီ ၀င်များ၊ မြို့နယ်ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီဝင်များ တက်ရောက်ခဲ့ ကြပြီး တွေ့ဆုံပွဲတွင် ဦးသောင်းငြိမ်း၊ ဦးတင်အောင်၊ ဦးခင်မောင်လွင်တို့မှ လက်ရှိ ရခိုင့်နိုင်ငံရေး အခင်းအကျင်းကို ပြည်သူများ နားလည်ထားကြရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံသော နိုင်ငံရေးပါတီ များ၏ ရှေ့ဆက်အလားအလာများ၊ ယခုရွေးကောက်ခံမည့် လွှတ်တော်နေရာ၏ ရှေ့ဆက်လျှောက်ရမည့် အခြေအနေများကို ပြည်သူများသိရှိစေရန် အသိပေးဟောပြောခဲ့ကြကြောင်း သိရသည်။