အမရပူရပြည်ခိုင်ဖြိုး မိုးရာသီသစ်ပင်စိုက်ပွဲကျင်းပ

(၂၆.၈.၂၀၁၆)ရက်နေ့ နံနက်(၀၇း၀၀)အချိန်တွင် အမရပူရမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် 264/3 အနီးလမ်းဘေးဝဲယာတွင် အမရပူရမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပပြုလုပ်ရာ ပါတီဗဟိုအတိုင်ပင်ခံဦးရဲမြင့်၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ခရိုင်ပါတီအတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များမှ ဥက္ကဌများနှင့် ပြည်ခိုင်ဖြိုးအဖွဲ့များ၊ အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးဥက္ကဌ ဦးသိန်းထွန်းဦးနှင့်အဖွဲ့များ၊ ရပ်ကွက်/ကျေးရွာများများမှ ပြည်ခိုင်ဖြိုးများ စုစုပေါင်း(၂၀၀)ကျော်ခန့်တက်ရောက်ခဲ့ကြပြီး လမ်းဘေးအရိပ်ရပင်များအား စုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။

Zaw Aung Htet


Leave a Reply