ဟွာဝေးမှ ကျောဘက်ကင်မရာနှစ်လုံးပါဝင်သော Honor 8 စမတ်ဖုန်းအား အမေရိကဈေးကွက်သို့ ပထမဦးဆုံး တင်ပို့ ရောင်းချမည်

နယူးယောက် ၊ သြဂုတ် ၁၇

တရုတ်စမတ်ဖုန်းထုတ်လုပ်သူ ဟွာဝေးမှ ကျောဘက်ကင်မရာနှစ်လုံးပါဝင်သော Honor 8 စမတ်ဖုန်းအား ပထမဦးဆုံးအကြိမ် အမေရိကဈေးကွက်သို့တင်ပို့ ရောင်းချမည်ဖြစ်ကြောင်း The Verge သတင်းဌာနတွင် ဖော်ပြထားသည်။

New Picture (1)

ဟွာဝေးအနေဖြင့် ကျောဘက်တွင် ကင်မရာနှစ်လုံးပါဝင်သည့် နည်းပညာအသုံးပြုသော စမတ်ဖုန်းအား အမေရိက သို့ ပထမဦးဆုံး တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း ယင်းသတင်းဌာနတွင် ထပ်မံဖော်ပြထားသည်။

ယင်းစမတ်ဖုန်းသည် မျက်နှာပြင် ၅.၂ လက်မကျယ်ဝန်းပြီး ကျောဘက်တွင် လက်ဗွေလုံခြုံရေးစနစ် တင်ဆင်ထား ကြောင်းသိရသည်။

ယင်းစမတ်ဖုန်းသည် အခြားစမတ်ဖုန်းများ ထုတ်လုပ်မူအဆင့်များနှင့် ကွဲပြားသော အဆင့် ၁၅ ဆင့်ဖြင့် ထုတ်လုပ် ထားကြောင်း ဟွာဝေးမှ တာဝန်ရှိများကဆိုသည်။ ကင်မရာဖွဲ့စည်းပုံ အသစ်အဆန်းများဖြင့် ထုတ်လုပ်ထားသော စမတ်ဖုန်းတစ်လုံးဖြစ်ပြီး 12 Megapixel ကင်မရာအားကျောဘက်တွင် တပ်ဆင်ထားသော် လည်း Leica ကဲ့သို့ အဆင့်မြင့် ကင်မရာ တပ်ဆင်ထားမရှိကြောင်း သိရသည်။

Ref: The Verge

‪#‎Democracytoday


Leave a Reply