သံဃာတော်များ သီလဝိသုဒ္ဓိပရိဝါသ်ဆောက်တည်ပြီးဆုံးခြင်းအခမ်းအနား ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးနှင့်ဇနီး တက်ရောက်လှူဒါန်း

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးနှင့် ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းနှင့် လှည်းကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးကျော် စိုးဝင်း၊ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် စာဗူးတောင်းကျေးရွာရှိ ရွှေအင်ကြင်း တောရ၌ပြုလုပ်သော သံဃာတော်များ သီလဝိသုဒ္ဓိပရိဝါသ်ဆောက်တည်ပြီးဆုံး ပွဲအခမ်းအနားသို့ ယမန်နေ့ကတက်ရောက် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာနံနက်ပိုင်းတွင် ဦးဌေးဦးနှင့်ဇနီး ဒေါ်နီနီဝင်းတို့သည် သီလဝိသုဒ္ဓိ ပရိဝါသ်တည်ဆောက်ပြီး သိမ်ဆင်းသံဃာတော်များနှင့် အခြားဖိတ်ကြားထားသောကျောင်းတိုက်အသီးသီးမှ သံဃာစုစုပေါင်း အပါး ၆ဝတို့အား အခြားအလှူရှင်များနှင့်အတူ ဒါတဗ္ဗဝတ္ထုအစုစုဖြင့် သိမ်ဆင်းလောင်းလှူကြသည်။ထို့နောက်ဓနုဖြူမြို့နယ်ကျောင်းစုဆရာ တော်ကြီး ဘဒ္ဒန္တသုနန္ဒ၊ ရွှေဥမင်ဆရာတော်ဘဒ္ဒန္တဣန္ဒာသီရိနှင့်တကွ သံဃာတော်များအားနေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
မွန်းလွဲပိုင်းတွင် ရေစက်ချတရားတော်နာအခမ်းအနားကို ဆက် လက်ကျင်းပရာ ဓနုဖြူမြို့နယ် ကျောင်းစုဆရာတော် ဘဒ္ဒန္တ ဦးသုနန္ဒ ထံတွင် ငါးပါးသီလဆောက်တည်ကြပြီးရေစက်ချတရားတော်နာ ယူ ကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ကျောင်းစုဆရာတော်ကြီးက ရွှေအင်ကြင်းတောရတွင် တစ်ပါးဆောင် ဆောက်လုပ်လှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းကို ဦးဌေးဦးအား လည်းကောင်း၊ ဆွမ်းစားဆောင်၊ သိမ်နှင့်ကျောင်းဆောင်လှူဒါန်း သည့်အလှူရှင်အသီးသီးအားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ရွှေအင်ကြင်းတောရတွင် အဆိုပါသီလဝိသုဒ္ဓိ ပရိဝါသ်ဆောက် တည်ခြင်းကို ယခုလ ၁ ရက်မှ ၁၇ ရက်အထိ သံဃာတော်အပါး ၃ဝ ကဆောက်တည်ခဲ့ခြင်းဖြစ်သည်။ ရွှေအင်ကြင်းတောရတွင် ၂ဝဝ၅ ခုနှစ်မှစတင်၍ ပရိဝါသ်ဆောက်တည်ခြင်းကို နှစ်စဉ်ကျင်းပ ခဲ့ပြီး ပထမအကြိမ်တွင် သံဃာ ၂၇ပါး၊ ဒုတိယအကြိမ်တွင် သံဃာ ၂၇ပါး၊ ယခု တတိယအကြိမ်တွင် သံဃာအပါး ၃ဝ တို့ အသီးသီး ဆောက်တည်ခဲ့ကြကြောင်း သိရသည်။

TTN