သာကေတပြည်ခိုင်ဖြိုးပါတီ နွေရာသီ လူငယ်ရေးရာလှုပ်ရှားမှုအဖြစ် ကွန်ပျူတာ သင်တန်းဖွင့်

 

သာကေတပြည်ခိုင်ဖြိုးပါတီ နွေရာသီလူငယ်ရေးရာလှုပ်ရှားမှုအဖြစ် ကွန်ပျူတာသင်တန်းဖွင့်
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နွေရာသီလူငယ်လှုပ်ရှားမှု အခြေခံ/ အဆင့်မြင့် ကွန်ပျူတာသင်တန်း အမှတ်စဉ်(၁/၂ဝ၁၇) ဖွင့်ပွဲအခမ်းအနားကို မတ်လ (၂၈) ရက် နံနက် ၇ နာရီခွဲက သာကေတမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး၌ကျင်းပသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုကော်မတီဝင် ဦးတင်လှိုင်၊ ခရိုင်ကော်မတီဝင် ဦးနိုင်အောင်၊ ဒေါ်ဇာခြည်လင်း၊ သာကေတမြို့နယ်ပါတီဥက္ကဋ္ဌ ဦးညွန့်ဖေ၊ အတွင်းရေး မှူး ဦးဇော်ဝင်းနိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ သင်တန်းသူ သင်တန်းသားများ၊ သင်တန်းသားများ၏ အုပ်ထိန်းသူများ အင်အား ၁၈ဝ တက်ရောက်ကြပြီး ဗဟိုကော်မတီဝင် ဦးတင်လှိုင်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး သင်တန်းကို ဖွင်လှစ်ပေးခဲ့သည်။ အဆိုပါ သင်တန်းကာလမှာ ရက်သတ္တပတ် လေးပတ်ကြာမြင့် မည်ဖြစ်ကြောင်း သိရသည်။

TKA(သာကေတ)