သက်ကြီးရွယ်အို အသက် ၁ဝ၅ နှစ်ရှိ ဘွားဘွားအား ငွေကျပ် နှစ်သိန်းထောက်ပံ့လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ကလေးမြို့ နယ် ရွာစီရွာသာကျေးရွာနေ မြန်မာ သက္ကရာဇ် ၁၂၇၃ ခုနှစ်တွင် မွေးဖွားသူ အသက် ၁ဝ၅ နှစ်ရှိ ဒေါ်ခင်ပုတ်အား ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ နိုင်ငံတော်သမ္မတ(ငြိမ်း) အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်က ပေးအပ်လှူဒါန်းသော ငွေသား ကျပ်နှစ်သိန်းကို စက်တင်ဘာ (၁၃) ရက် နံနက် ၁ဝ နာရီက ခရိုင်နှင့်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ တို့မှ တာဝန်ရှိသူများကထောက်ပံ့ ပေးအပ်ခဲ့သည်။

14370397_648085075361007_472989012394200770_n

ယင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (ငြိမ်း) ဦးခင်မောင်သန်းက ငွေကျပ် ၂ဝဝဝဝ၊ ခုံတိုးမြို့သာကျေးရွာ ပြည်ခိုင်ဖြိုးလူငယ်များက ငွေကျပ် ၄ဝဝဝ၊ မြောက်စည်းကျေးရွာ ပြည်ခိုင်ဖြိုးပါတီမှ ဦးသောင်းကြည်၊ ဦးမိုတူ၊ ဒေါ်မေချစ်တို့က ဆန်တစ် အိတ်၊ ဦးဖိုးအေးက အမျိုးသမီးဝတ် လုံချည်တစ်ကွင်း တို့ကိုလည်း ပေးအပ်လှူဒါန်းကြသည်။

အဆိုပါပေးအပ်လှူဒါန်းပွဲသို့ ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးတင်လှိုင်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးထန်ဆဲရာ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခွထီးယို၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးအောင်ဆန်းဝင်း တို့နှင့်အတူ ကော်မတီအဖွှဲဝင်များလိုက်ပါလျက် သွားရောက်ပေးအပ် လှူဒါန်းခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ချင်းတွင်းသား


Leave a Reply