လှိုင်သာယာမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံး

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်ယုသည် (၁၉.၂.၂၀၁၇)ရက်နေ့ နံနက်(၉)နာရီမှစ၍ မဲဆန္ဒရှင်ပြည်သူများကို တစ်အိမ်တက်ဆင်း လိုက်လံမဲဆွယ်စည်းရုံးခဲ့ပါသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့်အဖွဲ့သည် ညောင်ကျေးရွာအုပ်စုအတွင်း တစ်အိမ်တက် တစ်အိမ်ဆင်း Door To Door ကွင်းဆင်းမဲဆွယ် စည်းရုံး၍ နေအိမ်များတွင် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်၊ ပါတီခြင်္သေ့တံဆိပ် sticker များနှင့်ပါတီ အလံငယ်များ Campaign ဆောင်ရွက်ခဲ့သည်။

အဆိုပါမဲဆွယ်စည်းရုံးရေးဆောင်ရွက်ရာသို့ ရန်ကုန်မြောက်ပိုင်းခရိုင် ပါတီ ဥက္ကဌ (လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း) ဦးတင်ယု၊ လှိုင်သာယာမြို့ နယ်ပါတီခေတ္တဥက္ကဌ ဦးဇေယျာအောင်နှင့် မြို့နယ်ပါတီကော်မတီဝင်မျာ၊၊ ညောင်ကျေးရွာပါတီဥက္ကဌ ဦးဝင်းရွှေနှင့် ကျေးရွာပါတီကော်မတီဝင်များ၊ အောင်နိုင်ရေးအဖွဲ့များ၊ ပါတီဝင်များ၊ စုစုပေါင်း အင်အား(၁၅၀)ဖြင့် အဖွဲ့ (၃) ဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ဇေယျာအောင်