လပတ် ပုံမှန် အစည်းအဝေး နှင့် ပါတီဝင် နှစ်စဉ်ကြေး ပေးအပ်ပွဲကျင်းပ

 

ကျိုက်ထိုမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီ ကော်မတီဝင် များနှင့် ရပ်ကွက်/ကျေးရွာ စည်းရုံးရေးမှူးများ လပတ်အစည်း အဝေးနှင့် ပါတီဝင် နှစ်စဉ်ကြေး ပေးအပ်ပွဲကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၁ဝးဝဝ နာရီ တွင်ကျင်းပခဲ့ပါသည်။

ကျိုက်ထိုမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးဌေးလွင်၊ ပြည်နယ် အမျိုးသမီး ရေးရာ ကော်မတီ ဝင် ဒေါ်ခင်မြင့်တို့ တက်ရောက်ပြီး ရှေ့ဦးစွာ ပါတီ ဥက္ကဌ ဦးဌေးလွင်မှ အမှာ စကား ပြောကြားပြီး ပါတီဝင် နှစ်စဉ်ကြေး ကို ပါတီဝင် ၁၀၇ ဦးကိုယ်စား မြို့နယ် ပါတီကော်မတီ ဝင် ဦးအောင်ဌေးမှ ပေးအပ်ပြီး မြို့နယ်ပါတီ ဥက္ကဌ ဦးဌေးလွင် မှ လက်ခံခဲ့၍ တက်ရောက်လာသော ရပ်ကွက်/ကျေးရွာများမှ စည်းရုံးရေးမှူးများ၏ မေးမြန်မှုများကို ပါတီ ဥက္ကဌမှ ပြန်လည် ရှင်းပြခဲ့ပြီး အခမ်းအနား ကို နေ့လယ် ၁၂းဝဝ နာရီတွင် ပြီးမြောက် ခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီ ကျိုက်ထိုမြို့နယ်