ရှမ်း(အရှေ့) ပြည်ခိုင်ဖြိုးပါတီ လူထုတွေ့ဆုံပွဲကျင်းပခြင်း

 

ယနေ့ (၁၄-၃-၂၀၁၇) နံနက် ( ၀၇ : ၄၅ ) အချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်ခိုင်ဖြိုးပါတီ၏ လူထုတွေ့ဆုံပွဲကို ကျိုင်းတုံမြို့နယ်၊ ပင်းတောက်အုပ်စု၊ ဝမ်ပင်းရွာတွင် ကျင်းပပြုလုပ်ရာ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေးနှင့်အတူ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်၊ ဗဟိုအတိုင်ပင်ခံ ဦးစ၀်အောင်မြတ်၊ ဗဟို ကော်မတီဝင် ဒေါက်တာ နန္ဒာလှမြင့် တို့တက်ရောက်ခဲ့ကြပါသည်။

တွေ့ဆုံပွဲတက်ရောက်လာသည့် ပါတီ ဥက္ကဌ နှင့် ပါတီအကြီးအကဲများအား ရှမ်းပြည်နယ် ပါတီ ဥက္ကဌ ဦးစိုင်းသန်းဝင်း၊ ဒု -ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်အတွင်းရေးမှူး ဦးစိုင်းကျော်လှ နှင့်ပြည်နယ် ပါတီကော်မတီဝင်များ ဒေသခံ တိုင်းရင်းသားများက ရင်းနှီးပျူငှာ စွာဖြင့် ခရီးဦးကြိုဆိုခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့.ပင်းတောက်၊ ဗေသလ၊ ပုံပင်း၊ ဝမ်ပင်း၊ နောင်ယိန်း၊ ဝမ်ကူသစ်၊ ဝမ်တာပုံ၊ အဲန်ရွာ၊ ပန်လ၊ဝမ်လ ၊ နောင်ရှဲန်၊ ဝမ်နောင်တင်ထပ်ရွာအပါအဝင် ကျေးရွာ(၂၃) ရွာအပါအဝင် အင်အား (၈၀၀)ကျော်တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ