ရီပတ်ဘလစ်ကန်ပါတီညီလာခံ အပြင်ဘက် ဆန္ဒပြလူအုပ်ကို ဖြိုခွဲ

အမေရိကန်နိုင်ငံက ရီပတ်ဘလစ်ကန်ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံ ကျင်းပနေရာ အပြင်ဘက်မှာ ဆန္ဒပြနေတဲ့ လူအုပ်ကို မြင်းစီးရဲတွေက ဖြိုခွဲဖို့ ကြိုးစားခဲ့ပါတယ်။

Republican

အိုဟိုင်းအိုးပြည်နယ် ကလိဗ်လန်းမြို့မှာ ဇူလိုင် ၂၀ ရက် ညက ဖြိုခွဲမှုအပြီး ရဲတွေက ဆန္ဒပြသူ အနည်းဆုံး တဒါဇင် လောက်ကို ဖမ်းခဲ့ပါတယ်။ အမေရိကန်အလံကို မီးရှို့ဖို့ ကြိုးစားအပြီး ဖမ်းတာလို့ ရဲတွေက ပြောပါတယ်။

အဖမ်းခံရသူ အတော်များများဟာ နောက်ကျောမှာ လက်တွေကို ချည်ထားလျက်နဲ့ ဝင်ပေါက်အပြင်မှာ ဒူးထောက်နေရတာ တွေ့တယ်လို့ မျက်မြင်သက်သေတွေက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

သတင်းထောက်တွေ၊ ဆန္ဒပြသူတွေနဲ့ လာကြည့်နေတဲ့လူတွေကို လူစုခွဲဖို့ ကြိုးစားရင်း မြင်းစီးနဲ့ စက်ဘီးစီး ရဲတွေက ပတ်ဝန်းကျင်ကို ပိတ်ခဲ့ပါတယ်။

ဒီဖြစ်စဉ်အတွင်း အရာရှိ ၂ ဦး ကိုယ်ထိလက်ရောက် တုံ့ပြန်ခံရလို့ အသေးစားဒဏ်ရာ ရခဲ့တယ်လို့ ရဲ ပြောခွင့်ရကို ကိုးကားပြီး ကလိဗ်လန်းမြို့ ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။

ညီလာခံစတဲ့ ဇူလိုင် ၁၈ ရက်က စပြီး ခုထိ ဆန္ဒပြမှု အတ်ာများများ ဖြစ်ခဲ့ပေမယ့် အများစုကတော့ ငြိမ်းချမ်းတဲ့ ဆန္ဒပြမှု ဖြစ်ပါတယ်။


Leave a Reply