ရပ်ကွက်ပါတီကော်မတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံ

 

ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးတင်ယု၊ လှိုင်သာယာမြို့နယ် ပါတီ ခေတ္တဥက္ကဌဦးဇေယျာအောင်နှင့် မြို့နယ်ကော်မတီဝင် စည်းရုံးနယ်မြေ(၃)အဖွဲ့တို့သည် ဒီဇင်ဘာ (၂၁) ရက် ညနေ (၄) နာရီခွဲအချိန်က အမှတ်(၁၁)ရပ်ကွက် ခိုင်ရွှေဝါလမ်း မ/၅၇၄/Bတွင် ရပ်ကွက်ပါတီကော်မတီဝင်များနူင့် တွေ့ဆုံ၍ ပါတီလုပ်ငန်းစဉ်များ ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။

ယင်းနေ့ နံနက်(၁၀)နာရီအချိန်တွင် လှိုင်သာယာပြည်ခိုင်ဖြိုးပါတီ စည်းရုံးနယ်မြေ(၃)အဖွဲ့မှ အမှတ်(၁၀)ရပ်ကွက် ပြည်လမ်း မ/435(B) ဦးမောင်ခိုင်၏ နေအိမ်သို့သွားရောက်၍ ရပ်ကွက်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

အလားတူ လှိုင်သာယာပြည်ခိုင်ဖြိုးပါတီစည်းရုံးနယ်မြေ(၃)အဖွဲ့သည် ဒီဇင်ဘာ (၂၀) ရက်ကလည်း အမှတ်(၉)ရပ်ကွက်နှင့် အမှတ် (၈) ရပ်ကွက်များသို့ သွားရောက်၍ ကော်မတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံ ခဲ့ကြောင်း သိရှိရပါသည်။

လှိုင်သာယာပြည်ခိုင်ဖြိုး


Leave a Reply