ပဲခူးတိုင်းဒေသကြီး(အရှေ့)ပါတီမျက်နှာစုံညီစည်းဝေး ပါတီပြန်လည် ပြင်ဆင်ရွေးချယ်ရေး အခမ်းအနားကျင်းပ

ပဲခူးမြို့နယ် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ ဇူလိုင် (၂၉) ရက် နံနက် ၁ဝ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပဲခူးတိုင်းဒေသကြီး (အရှေ့)မျက်နှာစုံညီအစည်းအဝေးနှင့် ပါတီပြန်လည်ပြင်ဆင်ရွေးချယ် ရေးအခမ်းအနားကို ကျင်းပခဲ့သည်။

Bago East2

အခမ်းအနားတွင် သဘာပတိ အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးဥာဏ်ဝင်း၊ အဖွဲ့ဝင်များ အဖြစ် ဗဟို အလုပ်အမှုဆောင်၊ ပဲခူးတိုင်းဒေသကြီး တာဝန်ခံ ဦးမြတ်ဟိန်းနှင့် ဗဟိုအလုပ်အမှုဆောင် ဦးဇော်မင်းတို့က ဆောင်ရွက်ကြသည်။

ရှေးဦးစွာ သဘာပတိ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဥာဏ်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး တာဝန်ခံ ဦးမြတ်ဟိန်း က ပါတီကော်မတီဝင်များ ပြန်လည်ပြင်ဆင် ရွေးချယ်ရေးကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး (အရှေ့)ပါတီတွဲဖက်အတွင်းရေးမှူး ဦးညီညီမြင့်က တိုင်းဒေသကြီး အဆင့်ဆင့်သော ပါတီပြန်လည်ပြင် ဆင်ရွေးချယ်ခြင်းနှင့် မျက်နှာစုံညီ အစည်းအဝေးနှင့်ပတ်သက်၍ အစီ ရင်ခံတင်ပြပြီးပါတီအတွင်းရေးမှူး ဦးစောမော်ထွန်းက တိုင်းဒေသကြီး ပါတီကော်မတီဝင်(ဟောင်း)များ တာဝန်မှနုတ်ထွက်လွှာတင်သွင်းရာ သဘာပတိက နုတ်ထွက်ခွင့်ပြု ကြောင်း ကြေညာသည်။

ယင်းနောက်တိုင်းဒေသကြီး ပါတီကော်မတီဝင်အသစ် ၁၅ ဦးနှင့် အရန်ပါတီကော်မတီဝင်အသစ် ၁၅ ဦးတို့၏ အမည်စာရင်းကို ဖတ်ကြားတင်သွင်းသည်။ဆက် လက်၍ ပါတီကော်မတီဝင်များ၏ အမည်စာရင်း စိစစ်နေစဉ်အတွင်းအစု အဖွဲ့များမှ စာတမ်းများကို အသီးသီးဖတ်ကြားတင်သွင်းကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး အရှေ့ပါတီကော်မတီ ကိုယ်စား လှယ်ဦးစောမော်ထွန်းက ရှေ့လုပ် ငန်းစဉ်များ တင်သွင်းရာ သဘာပတိကြီးက ရှေ့လုပ်ငန်းစဉ်များကို ချမှတ်အတည်ပြုပေးခဲ့ပြီး တိုင်း ကော်မတီဝင်(အသစ်) များနှင့်အရန် ကော်မတီဝင်(အသစ်)များ၏အမည် စာရင်းအား အတည်ပြုပေးခဲ့သည်။

ယင်းနောက်သဘာပတိအဖွဲ့ ဝင်များ၏ရှေ့မှောက်တွင် တိုင်းဒေသ ကြီးပါတီကော်မတီဝင်များက ကတိ သစ္စာပြုပြီး သဘာပတိကြီးက နိဂုံး ချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ကြွေးကြော်သံများ ဖြင့် ရုပ်သိမ်းခဲ့သည်။

တင်စိုး(ပဲခူး)


Leave a Reply