ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးခင်မောင်စိုး မြောက်ပိုင်းခရိုင်အတွင်းရှိ ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှု ဆောင်ရန်ကုန်တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်စိုးသည် ယနေ့ နံနက် ၁၁နာရီခွဲခန့်က လှိုင်သာယာ မြို့နယ် ပါတီရုံးခန်းမ၌ ရန်ကုန် မြောက်ပိုင်းခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်ပါတီများမှ ဥက္ကဋ္ဌ၊ အတွင်း ရေးမှူးနှင့် ကော်မတီဝင်များအား တွေ့ဆုံ၍ ပါတီလုပ်ငန်းဆိုင်ရာ များ လမ်းညွှန်မှာကြားခဲ့သည်။

တွေ့ဆုံပွဲတွင် ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လှိုင်သာယာမြို့နယ် ပါတီခေတ္တ ဥက္ကဋ္ဌ ဦးဇေယျာအောင်က တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌအား ဆောင် ရွက်ထားရှိမှုများကိုရှင်းလင်းတင်ပြ သည်။ ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေး ကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပြီး နိဂုံးချုပ်အမှာ စကားပြောကြားကာ အခမ်းအနား ကို မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် တွင် ရုပ်သိမ်းခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပါတီဗဟို အလုပ်အမှုဆောင်၊ ရန်ကုန်တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင် စိုးနှင့်အတူ ဗဟိုကော်မတီဝင် (မြောက်ပိုင်းခရိုင်တာဝန်ခံ) ဦးတင် မောင်ဝင်း၊ ခရိုင်ပါတီအတွင်း ရေးမှူးဦးလင်းထွန်းနှင့်ခရိုင်ကော် မတီဝင်များ၊ မြို့နယ်ရှစ်မြို့နယ်မှ ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူး များ၊ ကော်မတီဝင်များ စုစုပေါင်း ၆၅ ဦးတက်ရောက်ခဲ့ကြောင်း သိရ သည်။

ယူဒီနေ