ရခိုင်အရေး အပြောနှင့် မဟုတ်ဘဲ အလုပ်နဲ့ သက်သေပြသင့်ပြီ

maxresdefault

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ယခုလ ၉ရက်နေ့က နယ်ခြားစောင့်ရဲတပ်ဖွဲ့ကင်းစခန်းများကို အကြမ်း ဖက် ဘဂါင်္လီလက်နက်ကိုင်လူတစ်စုကို ၀င်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင်များ နိုင်ငံတော်အ တွက် အသက်ပေးဆပ်ရခြင်း၊ယင်းနောက် တပ်မတော်မှ တည်ငြိမ်အေးချမ်းရေးအတွက် ၀င်ရောက်ဆောင်ရွက် ရာတွင် တပ်မတော်သားများနှင့်အကြမ်းဖက်ဘဂါင်္လီများ အပြန်အလှန်တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် တပ်မ တော် သားအချို့ ထိခိုက်ဒဏ်ရာရရှိခြင်း၊နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ရ သည့်ဖြစ်စဉ်များနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဌ ဦးသိန်းညွှန့်နှင့်တွေ့ဆုံမေးမြန်းမှုကို ဖော်ပြပေးလိုက်ပါ သည်။

• ရခိုင်ပြည်နယ်ဖြစ်စဉ်နဲ့ပတ်သက်ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ကင်းစခန်းတွေကို ဘင်္ဂါလီတွေက အကြမ်း ဖက်တိုက်ခိုက်မှုတွေလုပ်လို့ ရဲတပ်ဖွဲ့ဝင်တွေကျဆုံးရတယ်။နောက်ပြီး တပ်မတော်က တည်ငြိမ်အေး ချမ်းရေးကို ဆောင်ရွက်တဲ့အခါကျတော့လည်း တုတ်၊ဓား၊လက်နက်တွေနဲ့ တိုက်ခိုက်တဲ့ အတွက် ကြောင့် တပ်မတော်သားအချို့ ကျဆုံးရတယ်။ဒီအပေါ်မှာ ဘာများမှတ်ချက်ပြုလိုသလဲခင်ဗျ။

• အရင်ဆုံးပြောရရင်တော့ အခုဘဲ ကျွန်တော်သတင်းတွေကြည့်တဲ့အခါမှာ ဒီရဲတပ်ဖွဲ့ဝင် ကိုးဦးအပါအ ၀င် တပ်မတော်သားအပါအ၀င်ဆိုရင် ၁၃ဦး တိုင်းပြည်အတွက် အသက်ပေးသွားရတယ်ဆိုတာကို မြင်လိုက်ရတယ်။အဲ့ဒါကြောင့် သူတို့ရဲ့ စွန့်လွှတ်မှုကို လေးစားသလို သူတို့မိသားစုတွေအတွက်လည်း ၀မ်းနည်းကြေကွဲမှု တွေဖြစ်ရပါတယ်။ ဒီထက်အရေးကြီးတာက သူတို့အသက်ပေးသွားရတာက တိုင်း ပြည်ရဲ့ အချုပ်အခြာအာဏာအတွက် အသက်ပေးသွားရတာ။ဒီနေ့တိုင်းပြည်ရဲ့အချုပ် အခြာအာဏာ ကိုထိပါးပြီးတော့ တိုင်းပြည်ပေါ်မှာ အင်မတန်ကြီးမားတဲ့အန္တရာယ်ရှိနေပြီဆိုတာ။အဲ့တော့ မြေပြင်မှာ တပ်မတော်တို့၊လက်နက်ကိုင်ထိန်းသိမ်းရမဲ့ တိုင်းပြည်ရဲ့တာဝန် ရှိအဖွဲ့အစည်းတွေက လုပ်နေတဲ့အ ပိုင်းက တစ်ပိုင်းပေါ့။အခုဆိုရင် ခင်ဗျားတို့သိတဲ့အတိုင်းဘဲ နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့တဲ့ အချိန်ထိ ဒါဘယ်သူလုပ်တယ်ဆိုတာ မပြောဘဲနဲ့ အချက်အလက် တိကျခိုင်မာမှသာ တရားရုံး မှာတရားစွဲမယ့် စွဲချက်တင်မယ်ပြောတာလောက်နဲ့တော့ ဒီနေ့ကျွန်တော်တို့ အမျိုးသားလုံခြုံရေးကို အကြီးအကျယ်ခြိမ်းခြောက်ပြီး တိုင်းပြည်အန္တရာယ် ကျရောက်နေတဲ့အချိန်မှာ ဒီအပြောလောက်နဲ့ တော့ ကျွန်တော်တို့ တစ်ဖက်ကို ထိန်းသိမ်းနိုင်မယ့်အခြေအနေ မရှိတော့ဘူး။အဲ့တော့ အဓိကပြောချင် တာက ရခိုင်ကိစ္စဖြစ်ဖြစ်ချင်း အရေးပေါ်အစည်းအဝေးထိုင်တယ်ဆိုတာ ဘယ်သူတွေပါတဲ့အစည်းအ ဝေးလဲ ။ဘယ်အဖွဲ့အစည်းလဲ။အမျိုးသား ကာကွယ်ရေးနဲ့လုံခြုံရေးနဲ့ပတ်သက်ရင် အခြေခံဥပဒေပုဒ်မ ၂၀၁ အရ ဖွဲ့စည်းထားတဲ့အမျိုးသားကာကွယ်ရေး နဲ့လုံခြုံရေးကောင်စီကတာဝန်ရှိတယ်။အဲ့ဒီမှာ အားလုံးသိတဲ့အတိုင်းဘဲ အုပ်ချုပ်ရေးရဲ့ အကြီးအကဲဖြစ်တဲ့ သမ္မတအပါအ၀င် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အပါအ၀င် တပ်မတော်ထိပ်တန်းအရာရှိ ခြောက်ယောက်နဲ့ အားလုံး ၁၁ယောက်နဲ့ဖွဲ့ထား တဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကို အခြေခံဥပဒေအရဖွဲ့စည်းထားတယ်။ တစ်ကြိမ်ထဲ မှာဘဲ သမ္မတရဲ့အထက်မှာနေမယ်ဆိုတဲ့ သဘောထားပေါ်မှာအခြေခံပြီးတော့ ၂၀၁၆ ခုနှစ် ဧပြီလ ၁၈ ရက်နေ့က ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အမိန့်ကြေညာစာအမှတ် ၂/၂၀၁၆ အရ လုံခြုံရေး၊တည်ငြိမ်အေးချမ်းရေးနဲ့တရား ဥပဒေစိုးမိုးရေး ကော်မတီဖွဲ့ထားတယ်။

ဒီကော်မတီရဲ့ဥက္ကဌက တော့ သမ္မတရုံးရဲ့ ပြည်ထောင်စုဝန်ကြီးပေါ့။ဒါကြောင့် ကျွန်တော်သိချင်တာက တိုင်းပြည်အတွက် အရေးကြီးတဲ့ အန္တရာယ်ကျရောက်နေတဲ့အချိန်မှာ ဒီမောင်တောကိစ္စကိုကိုင်တွယ်နေတာဟာ အခြေခံ ဥပဒေအရအပ်နှင်းထားတဲ့တဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကော်မတီက ကိုင်တွယ်နေသလား။ ဒါမှမဟုတ် ပြည်ထောင်စုဝန်ကြီးဥက္ကဌအဖြစ်တာဝန်ယူတဲ့ လုံခြုံရေး၊တည်ငြိမ်အေးချမ်းရေးတဲ့ တရားဥပဒေစိုးမိုးရေးကော်မတီက တာဝန်ယူနေသလား။ဒါကို သဲသဲကွဲကွဲသိချင်တယ်။ဒီကနေ့ ဖြစ်ပေါ်နေတာက အချုပ်အခြာအာဏာကို ထိပါးတဲ့ကိစ္စမျိုးဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ အခြေဥပဒေမှာကိုက အဓိကတာဝန်ရှိတဲ့သူဟာ တပ်မတော်ဘဲဆိုတာ အခြေခံဥပဒေပုဒ်မ ၂၀ (င) မှာ ပြဌာန်းထားတယ်။အဲ့ဒီလိုဘဲ တိုင်းပြည်မှာ အန္တရာယ်ဖြစ်လာလို့ရှိရင် တပ်မတော်ကဘဲဦးဆောင်ရမယ် ဆိုတာလဲ အခြေခံဥပဒေ ပုဒ်မ ၃၃၉ မှာ ပြဌာန်းထားတာတွေရှိတယ်။အခုသိတဲ့အတိုင်းဘဲ ကိစ္စတွေကို ဒေါ်အောင်ဆန်းစုကြည်ပြောဆိုနေချက်အရဆိုရင် ဒီပြသနာကိုသူက ဦးဆောင်နေတဲ့ပုံသဏ္ဍာန်မျိုးဖြစ် နေတယ်။အဲ့ဒါက အခြေခံဥပဒေနဲ့ညီညွတ်ခြင်းမရှိဘူး ထင်တဲ့အတွက် အခြေခံဥပဒေအရ ထိန်းကျောင်းပေးဖို့လိုလာပြီ။အခြေခံဥပဒေအရ ထိန်းကျောင်းရတော့မယ်ဆိုရင်တော့ ဒီကိစ္စနဲ့ပတ် သက်ရင် အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေး အမြန်ဆုံးခေါ်ပြီးတော့ အခြေခံ ဥပဒေအရ ပေးထားတဲ့အတိုင်းပြည်တွင်းပြည်ပအန္တရာယ်တွေကို တပ်မတော်က ဦးဆောင်ပြီးလုပ်ရ မယ့်အချိန်ရောက်ပြီလို့ ကျွန်တော်မြင်ပါတယ်။

• ရခိုင်ပြည်နယ် ဖြစ်စဉ်ဟာဆိုရင် နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို ထိပါးပြီလို့ပြောလို့ရသလို ၊လူနည်းစုက လူ့အခွင့်အရေးဆိုတဲ့စကားလုံးနဲ့ကိုင်ပေါက်နေပြီး အမျိုးသားလုံခြုံရေးကိုပါ ထိပါးလာ တော့ ဒေါ်အောင်ဆန်းစုကြည်ပြောနေတဲ့လူ့အခွင့်အရေးနဲ့အမျိုးသားလုံခြုံရေးဟာ အခုချိန်မှာ ဘယ်အရာက အရေးတကြီးဆောင်ရွက် ရမယ့်ကိစ္စလဲဆိုတာ ဆွေးနွေးပေးပါဦး။

• အချုပ်အခြာအာဏာထိပါးတာကို သူဘာမှရှေ့တန်းတင်တာမှမရှိသေးဘဲနဲ့။အဲ့လိုဘဲ ပြည်တွင်း၊ပြည် ပအန္တရာယ် အထူးသဖြင့်ရခိုင်ပြသနာကို နိုင်ငံတကာပြသနာဖြစ်အောင်ဖန်တီးလိုက်တဲ့နေရာမျိုးမှာ တစ်ဖက်ခိုးဝင်လာတဲ့ဘင်္ဂါလီဘဲခေါ်ခေါ်၊ဘာဘဲခေါ်ခေါ် ကျွန်တော်တို့ကိုယ့်အသွေးအသား မဟုတ် တဲ့သူတွေကနေ နိုင်ငံရဲ့ချုပ်အခြာအာဏာကို ထိပါးလာတာလေ။အဲ့ဒီမြေပြင်သတင်းအရဆိုရင် မကြာသေးခင်က ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ လူဝင်မှုကြီးကြပ်ရေးက တာဝန်ရှိတဲ့သူကိုယ် တိုင်က ရိုဟင်ဂျာလို့အော်ပြီးတော့ ဘင်္ဂါလီတွေဝင်ရောက်တိုက်ခိုက်တယ်လို့ပြောပြီးသားလေ။အဲ့ဒါကို ဘယ်သူဘယ်ဝါမှန်းမသိလို့ လေ့လာစုံစမ်းမယ်ဆိုတာ ပြောဆိုနေတာကို ကြည့်လိုက်လို့ရှိရင် တိုင်းပြည်ရဲ့အချုပ်အခြာအာဏာ ၊တိုင်းပြည်အပေါ်မှာကျရောက်နေတဲ့အန္တရာယ်နဲ့ပတ်သက်ရင် သူစံနှုန်းပြောနေတဲ့လူ့အခွင့်အရေးလောက် ရှေ့တန်းမတင်ဘူးဆိုတာ ထင်ရှားပေါ်လွင်နေတာပေါ့။ခု တော့ လူ့အခွင့်အရေးကို ပြောရင်းပြောရင်းနဲ့ရခိုင်ပြည်နယ်က ရခိုင်တိုင်းရင်းသားတွေလုံခြုံမှုမရှိတော့ ဘူး။သူတို့ရဲ့ပညာရေးတွေ၊နေရေးတွေ ဘ၀တွေပျက်စီးလာပြီ။တိုင်းပြည်အန္တရာယ်ကျရောက်တဲ့အချိန် မှာအခြေခံဥပဒေအရ တာဝန်အရှိဆုံးဖြစ်တဲ့တပ်မတော်ဟာ အခြေခံဥပဒေကအပ်နှင်းထားတဲ့အတိုင်း ဆောင်ရွက်ဖို့အချိန်ကျပြီလို့ကျွန်တော်ကပြောလိုတယ်။

• လူမှုကွန်ရက်မှာ ကောလဟာလတွေဖြစ်တဲ့ဘဂါင်္လီလှုပ်ရှားနေတာတွေ၊ဘင်္ဂါလီတွေကို သတ်ဖြတ်နေ ပါပြီဆိုတာတွေတင်တယ်။ဒါကို နိုင်ငံတကာက မြင်ပြီးတော့ ကျွန်တော်တို့နိုင်ငံအပေါ် အထင်အမြင်လွဲ မှားစရာတွေဖြစ်နေတယ်။ဒီအပေါ်မှာ အစိုးရအနေနဲ့သတင်းထုတ်ပြန်မှုတွေအားနည်းနေတဲ့အပေါ်မှာ သုံးသပ်ပေးပါဦး။

• အစိုးရကိုယ်တိုင်ကကို သတင်းထုတ်ပြန်ရေးအပိုင်းတွေမှာ ရခိုင်ပြည်နယ်အစိုးရကော၊ပြည်ထောင်စုအ စိုးရကော နှေးကွေးနေတယ်။အချိန်နဲ့တပြေးညီမရှိဘူးဆိုတာကို ရခိုင်လူထုကရော၊ပြည်တွင်းလူထုက ရော ပြောနေပြီလေ။တစ်ဖက်က အဲ့လိုဖြစ်နေတဲ့အချိန် တစ်ဖက်က နိုင်ငံခြားမှာရောက်နေတဲ့ ကိုယ့် ကိုကိုယ်ရိုဟင်ဂျာလို ပြောနေတဲ့လူတွေကနေ သူတို့ဘက်က နိုင်ငံရေးထိုးစစ်ဆင်ဖို့ သံရုံးအသီးသီး ကနေ သူတို့သတင်းတွေထုတ်ပြန်နေတာဘဲ။တပ်မတော်အနေနဲ့အရေးယူရတဲ့အရာတွေကို အပြစ်မဲ့ သူတွေကို သတ်ဖြတ်နေသလိုမျိုး မနက်က BBC သတင်းက လွင့်သွားတဲ့ပုံသဏ္ဍာန်မျိုးကြားလိုက်တာ ဘဲ ။ဒါတွေနဲ့ပတ်သက်ပြီးတာဝန်အရှိဆုံး ဦးဆောင်ရမယ့် တပ်မတော်က ဦးမဆောင်ဘဲနဲ့ (သို့မဟုတ် ) ဦးဆောင်မှုအနေအထားကို မယူခင်မှာ သမ္မတရုံးပြည်ထောင်စုဝန်ကြီးပါဝင်တဲ့ လုံခြုံရေး၊တည်ငြိမ်ရေး တရားဥပဒေစိုးမိုးရေးကော်မတီကနေ ဦးဆောင်မှုပေးနေတဲ့အခါမှာ သတင်းတွေ အချိန်မီမထုတ်နိုင်သေးတဲ့အတွက် ဒီကောလဟာလသတင်းတွေများပြားနေတယ်။ဒါက လည်းရည်ရွယ်ချက်ရှိတယ်။တပ်မတော်က တိုင်းပြည်အချုပ်အခြာအာဏာ ကာကွယ်တဲ့တရားသောစစ် ကို ပုံမှားဖျက်ဖို့လုပ်နေတယ်လို့ဘဲ မြင်ပါတယ်။

• နောင်ကို ဒီလိုပြသနာတွေမဖြစ်အောင် ဘာလုပ်သင့်တယ်လို့ထင်ပါလဲ။

• ကျွန်တော်တို့နိုင်ငံရေးပါတီတွေအားလုံးက ပြည်သူလူထုကို…။အခြေခံဥပဒေတစ်ခုကို ပြင်နိုင်တဲ့အချိန် မှာပြင်ကြပေါ့။မပြင်နိုင်သေးတဲ့အချိန်မှာ ဒီအခြေခံဥပဒေကို ခံယူပြီးတော့ ဥပဒေပြဌာန်းချက်အတိုင်းဘဲ လုပ်ဖို့လိုတယ်။အခြေခံဥပဒေကို မျက်ကွယ်ပြုပြီးတော့ တစ်ဦးကောင်း တစ်ယောက်ကောင်း ၊တစ်ဖွဲ့ကောင်းက အာဏာထူထောင်ဆောင်ရွက်မယ်ဆိုရင် အခုလိုကြီးမားတဲ့ ပြည်ပ အန္တရာယ်မျိုး အချုပ်အခြာအာဏာကိုထိခိုက်တဲ့အခြေအနေမျိုးပေါ်လာတဲ့အခါကျရင် ကျွန်တော်တို့က အမျိုးသား အင်အားစုအားလုံးကို စုစည်းပြီးတော့ သွေးစည်းညီညွတ်မှုနဲ့ထွက်တိုက်ရမယ်။အခုဆိုရင် လူ့အခွင့်အရေးဆိုတဲ့ကိစ္စပေါ်မှာ မပြတ်မသားအားနည်းတဲ့ခေါင်းဆောင်မှုမျိုးတွေနေတဲ့အတွက် ကြောင့် တိုင်းပြည်အတွက် အန္တရာယ်ကြီးနေပြီလို့ပြောချင်ပါတယ်။

• ဘာများဖြည့်စွက်ပြောကြားချင်ပါသလဲခင်ဗျ။

• အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကော်မတီအစည်းအဝေးမခေါ်ရသေးဘူဆိုရင် အစည်းအဝေးကို အမြန်ဆုံးခေါ်ပြီးတော့ အခြေခံဥပဒေအရ ပေးထားတဲ့ပြဌာန်းချက်တွေအတိုင်း ရခိုင်ပြည်နယ်ကိစ္စ ၊ပြည်ထောင်စုကြီးတစ်ခုလုံး အန္တရာယ်ကျရောက်လာပြီဖြစ်တဲ့အတွက် ကျွန်တော်တို့အားလုံးက အမျိုး သားရေးကို ချစ်မြတ်နိုးတယ်။ကိုယ်လူမျိုးကို ချစ်မြတ်နိုးတယ်ဆိုတာ ဒီအချိန်မှာ အပြောနဲ့မဟုတ်ဘဲ အလုပ်နဲ့သက်သေပြဖို့သင့်နေပြီလို့ပြောချင်တယ်။


Leave a Reply