ရခိုင်အသံသည် မြန်မာအသံသာဖြစ်သင့်

လေးစားအပ်သော နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်သော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာရောက် တွေ့ဆုံသူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် (ဟောင်း) နိုဘယ်ငြိမ်းချမ်းရေးဆုရ ‘ကိုဖီအာနန်’ ကို ”အဓိကလိုရင်းမှာ ဒေသခံ ရခိုင်လူမျိုးတို့ ကျေနပ်ဖို့ပဲ” ဟု ပြောကြားလိုက်ကြောင်း၊ မီဒီယာမှာ ဖတ်ရတွေ့ရသည်။

မှန်ပါ၏။ ရခိုင်အရေးကို ရခိုင်ကျေနပ်ဖို့သာ အဓိကပါ။ အဲဒီမှာ ကိုဖီအာနန် ကိုယ်နှိုက်က လူကြီးလူကောင်းပီသစွာ မြန်မာ့သမိုင်းကို သူမသိတာသိရလို့ ကျေးဇူးတင်ပါကြောင်း လေးနက်မိပါကြောင်း ဝန်ခံစကားပြောသွားသည်။

ရိုဟင်ဂျာ မြန်မာပြည်မှာ လုံးဝမရှိဘူးဆိုသောအချက်က အရေးကြီးသည်။ ကိုဖီအာနန် မသိသေးသော မြန်မာ့သမိုင်းရာဇဝင်ဆိုတာ ယင်းကိစ္စဖြစ်သည်။

အင်္ဂလိပ်-မြန်မာစစ်ပွဲကြီးသုံးကြိမ်ကို ကျူးကျော်ကျွန်ပြုလိုသူ အင်္ဂလိပ်က စခဲ့သည်။ ထိုစစ်ထဲသို့ တစ်ဖက်နိုင်ငံမှ ဘင်္ဂါလီများကို ဆွဲခေါ် (ပေါ်တာ ပစ္စည်းထမ်း ကူလီအဖြစ်) လာခဲ့သည်။

ရခိုင်ပြည်နယ်ထဲ လယ်စိုက်စားစေသည်။ ထိုမှစခဲ့သောဇာတ်လမ်း။ ကျူးကျော်မှုနှင့်စခဲ့သည်။ ကျူးကျော်မှုဆက်လုပ်နေသည်။ ကျူးကျော်မှု မအောင်မြင်တော့ ကုလနှင့်လှည့်တိုက်ပေးသည်။ ကိုဖီအာနန်ကို ပွဲစား ဓားစာခံအဖြစ် နယ်ရုပ်တစ်ရုပ်အဖြစ် ဖန်တီးလွှတ်သည်။ ကိုဖီအာနန်ကတော့ ဒီက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အကူအညီတောင်းလို့ သူလာရတာပါဟု ဆိုသည်။ တကယ်တော့ ကုလ ဘန်ကီမွန်း၊ ကုလ ကိုဖီအာနန်၊ အမေရိကန် သမ္မတ အိုဘားမားမှစ၍ နိုင်ငံခြားသားတို့ မြန်မာ့သမိုင်းနှင့် မြန်မာ့စိတ် (ရခိုင်နှင့် တစ်သားတည်း) ကို နားလည်နိုင်စွမ်း မရှိကြပါ။

၂၀၁၆ စက်တင်ဘာလ (၂၀) ရက်နေ့ထုတ် ပြည်ထောင်စုနေ့စဉ် သတင်းစာ အယ်ဒီတာ့အာဘော်မှ ကောက်နှုတ်ဖော်ပြပါသည်။


Leave a Reply