ယခင်သက်တမ်းမှာဆောင်ရွက်ခဲ့တဲ့ မြို့နယ်ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ပေးချင်ပါတယ်

 

ပြည်သူတွေရဲ့လိုအပ်ချက်နဲ့ လူနေမှုဘဝမြှင့်တင်ရေးလုပ်ငန်းများကို လွှတ်တော်အတွင်း တင်ပြသွားမည်ဟု ပြောကြား လာသည့် မိုင်းရှူးမြို့နယ် အမှတ်(၂)မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းကံနှင့် ဆက်သွယ် မေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။
ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက် ရွေးချယ်ခံမယ့်ကိုယ်စားလှယ်လောင်းရဲ့ အမည်နဲ့ မဲဆန္ဒနယ်မြေ၊ ဝင်ရောက်ရွေး ချယ်ခံဖြစ်ပုံကို သိလိုပါတယ်။
ကျွန်တော့်အမည်က ဦးစိုင်းကံဖြစ်ပါ တယ်။ မိုင်းရှူးမြို့နယ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက်ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ ဇာတိက မိုင်းရှူးမြို့ မိုင်း အော့ကျေးရွာဖြစ်တဲ့အတွက် ကျွန်တော် ဟာဒေသခံမိုင်းရှူးသားစစ်စစ်ပါ။ ၂ဝ၁ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာ ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာက အနိုင် ရရှိပြီး ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်တာဝန်ကို ငါးနှစ်ကြာတာဝန်ထမ်း ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ လူနေမှုဘဝ မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိနေသေးတဲ့အတွက် ပြန်လည်ဝင် ရောက်ရွေးချယ်ခံခြင်းဖြစ်ပါတယ်။
ဒါဆိုဆရာက တိုင်းရင်းသားတစ်ဦးဖြစ် တယ်။ ပြည်ခိုင်ဖြိုးပါတီကို ဗမာပါလို့ ပြောဆိုနေတာတွေရှိပါတယ်။ ဒါဆို ပြည်ခိုင်ဖြိုးပါတီကို တိုင်းရင်းသားတွေ စုဖွဲ့ထားတဲ့ပါတီလို့ ပြောလို့ရပါသလား။ တိုင်းရင်းသားကိုယ်စားလှယ်လောင်းတစ် ဦးအနေနဲ့ရော ဘာပြောချင်ပါသလဲ။
ကျွန်တော်က ရှမ်းတိုင်းရင်းသား တစ်ဦးဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော် တို့ရဲ့ ပြည်ခိုင်ဖြိုးပါတီကို တိုင်းရင်းသား တွေနဲ့စုဖွဲ့ထားတဲ့ပါတီလို့ ပြောရင်လည်း လုံးဝမှားယွင်းမှုရှိမှာ မဟုတ်ပါဘူး။ ပြည်ထောင်စုဆိုတဲ့ စကားလုံးဟာ ရှမ်း တိုင်းရင်းသားသီးသန့်လည်းမဟုတ်ပါဘူး။ ဗမာတိုင်းရင်းသား သီးသန့်လည်းမဟုတ် ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်း သား ၁၃၅ မျိုး ပေါင်းစပ်ထားတဲ့ပါတီ ကို ”ပြည်ခိုင်ဖြိုးပါတီ” ဖြစ်ပါတယ် လို့ ကျွန်တော့်အနေနဲ့ ပြောချင်ပါတယ်။
ယခင်ရွေးကောက်ပွဲနဲ့ အရင်အစိုးရ သက် တမ်းမှာရော ဘာများလုပ်ဆောင်ခဲ့ပါ သလဲ။ နောက်ဒီကြား ဖြတ်ရွေးကောက်ပွဲ မှာဝင်ရောက်အရွေးချယ်ခံတယ်ဆိုတော့ ကိုယ့် မဲဆန္ဒနယ်မှာဘာတွေ လိုအပ်ချက် တွေရှိလဲ။ ဘာလုပ်ဆောင်ပေးချင်တာ များရှိသလဲ။
ယခင်အစိုးရသက်တမ်းမှာ မိုင်းရှူး မြို့နယ်ရဲ့ပြည်သူ့အကျိုးပြုလုပ်ငန်းများ စွာကို ဆောင်ရွက်ခဲ့ပါတယ်။ မြို့နယ် လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ် ရေး၊ကျန်းမာရေးနဲ့ပညာရေးလုပ်ငန်းတို့ ကို ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီဆောင်ရွက်ပေးခဲ့တာတွေမှာ အားရ ကျေနပ်မှုမရှိသေးလို့ ပြည်သူ့အကျိုးပြု လုပ်ငန်းများကို ဆက်လက်ဆောင်ရွက် ပေးချင်ပါတယ်။
၂ဝ၁၅ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ မဲဆန္ဒနယ်တော်တော်များများမှာ ရှုံးနိမ့်ခဲ့တယ်။ ၂ဝ၁၅ ရွေးကောက်ပွဲပြီး နောက်ပိုင်းပါတီမှာ အပြောင်းအလဲတွေ လုပ်ခဲ့တယ်။ သွေးသစ်လောင်းခဲ့တယ်။ မေးချင်တာကတော့ ဆရာ့အနေနဲ့ယုံ ကြည်မှု ဘယ်လိုတည်ဆောက်ပြီး ဝင် ရောက်ယှဉ်ပြိုင်ခဲ့ပါသလဲ။ အခုကြား ဖြတ်ရွေးကောက်ပွဲမှာ ဘယ်လိုမျှော်လင့် ချက်မျိုးထားပါသလဲ။
၂ဝ၁၅ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုး ရှုံးခဲ့တာတော့ ဟုတ်ပါတယ်။ သို့သော် ကျွန်တော်တို့ ရှမ်းပြည်နယ်မှာ ပြည်ခိုင် ဖြိုးပါတီက ၃၂ နေရာအနိုင်ရခဲ့ပါတယ်။ ဒီလိုရလဒ်မျိုးရရှိတဲ့အတွက် ကျွန်တော့် အနေနဲ့ ယုံကြည်မှုပိုမိုခိုင်မာလာစေပါ တယ်။ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ လည်း ၂ဝ၁ဝ ရွေးကောက်ပွဲကဲ့သို့ အနိုင် ရရှိမယ်လို့ မျှော်လင့်ထားပါတယ်။
လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်လာပြီဆိုရင် အစိုးရကို လွှတ်တော်က အပြန်အလှန်ထိန်းကျောင်းမှုတွေ လုပ် ဆောင်ရတော့မယ်။ လက်ရှိလွှတ်တော် အပေါ်ရော အားရမှုတွေရှိရဲ့လား။ ဘာ များဝေဖန် အကြံပြုလိုပါသလဲ။
ကျွန်တော့်အနေနဲ့တော့ အားရကျေ နပ်မှုမရှိပါဘူး။ တစ်ဖက်သတ် ဆုံးဖြတ် တယ်လို့ ခံစားရပါတယ်။ နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးဖြစ်ထွန်းစေမယ့်အဆိုများ ဖြစ်ရင် လွှတ်တော်အင်အားကို မူတည်ပြီး မဲခွဲဆုံးဖြတ်တာ မဖြစ်စေချင်ဘူး။ အသိ တရားနဲ့ယှဉ်ပြီးဆုံးဖြတ်စေချင်တယ်။
ရွေးကောက်ပွဲကော်မရှင်က ပြဋ္ဌာန်းချက် တွေနဲ့အညီ ဆောင်ရွက်ရတာဖြစ်လို့မဲ ဆွယ်စည်းရုံးတဲ့အခါဖြစ်စေဘာတွေများ အဆင်မပြေတာတွေ ရှိပါသလဲ။
မဲဆွယ်စည်းရုံးရတာကတော့ အစစ အရာရာအဆင်ပြေပါတယ်။ ဒါပေမဲ့ မဲရုံ တည်နေရာနဲ့မဲဆန္ဒရှင်နေထိုင်တဲ့နေရာ ဝေးကွာနေတဲ့အတွက် အဆင်မပြေမှုတွေ ရှိပါတယ်။
ရွေးကောက်ခံလွှတ်တော်တစ်ယောက် အနေနဲ့ ပြည်သူကို ဘာများစကားပါးချင် ပါသလဲ။”ကိုယ်ဘာလုပ်ပေးချင်တယ်။ ဘာလုပ်ပေးနိုင်တယ်”ဆိုတာကို ပြတ် ပြတ်သားသားပြော ဆိုချင်တာများရှိပါ သလား။
ကိုယ်စားလှယ်လောင်းအနေနဲ့ပြည်သူ တွေရဲ့လိုအပ်ချက်နဲ့လူနေမှုဘဝမြှင့်တင် ရေးလုပ်ငန်းများကို လွှတ်တော်အတွင်း တင်ပြပေးမယ်လို့ ကတိပြုပြောကြားချင် ပါတယ်။
ဖြည့်စွက်ပြောကြားချင်တာများရှိရင် ပြော ကြားပေးပါ။
ပြည်သူလူထုဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ပေးနိုင်မယ့် ကိုယ် စားလှယ်လောင်းနဲ့ပါတီကိုမဲပေးရွေးချယ် ပါလို့ တိုက်တွန်းအပ်ပါတယ်။

နေထက်ဝေ