မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းဖွင့်

 

မန္တလေးတိုင်းဒေသကြီးအတွင်း ရှိ ခရိုင်များနှင့် မြို့နယ်အသီးသီး တို့တွင် တာဝန်ထမ်းဆောင်လျက် ရှိသော ရုံးဝန်ထမ်းများ၏လုပ်ငန်း စွမ်းဆောင်ရည်များအရည်အသွေး တိုးတက်မြင့်မားလာစေရန်အတွက် မန္တလေးတိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှကြီးမှူး၍ ရုံးဦးစီးအဖွဲ့ဝင် များ လုပ်ငန်းစွမ်းဆောင်ရည်မြှင့် တင်ရေးသင်တန်း ဒုတိယအသုတ် ကို ယခုလ ၅ရက်နှင့် ၆ရက်တို့ ၌ နံနက် ၈ နာရီမှ ညနေ ၄ နာရီ မိနစ် ၃ဝ အထိ နှစ်ရက်တိုင် တိုင် တိုင်းဒေသကြီး ပါတီရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ် သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဗဟို အလုပ်အမှု ဆောင်များဖြစ်သည့် ဦးဝင်းမောင် (မန္တလေးတိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ)နှင့်ဒေါက်တာမောင်သင်း၊ တိုင်းဒေသကြီးပါတီကော်မတီဝင် များ၊ ခရိုင်နှင့်မြို့နယ်ပါတီများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များ၊ သင်တန်းသို့ တက်ရောက်ကြမည့် ခရိုင်များနှင့် မြို့နယ်များမှ သင်တန်းသား သင် တန်းသူ ၈ဝ စုစုပေါင်းအင်အား ၁ဝဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ပါတီဖွဲ့ စည်းပုံစည်းမျဉ်းများ၊ ပါတီကော် မတီဝင်ဖွဲ့စည်းထားမှုနှင့် တာဝန် များ၊ပါတီကော်မတီရေးရာတာဝန် များနှင့် နယ်မြေတာဝန်များဆိုင်ရာ လုပ်ငန်းများနှင့် ထိန်းသိမ်းရမည့် စာရင်းများ၊ ရုံးလုပ်ငန်းဆိုင်ရာကိစ္စ များ၊ ငွေစာရင်းထိန်းသိမ်းမှုဆိုင်ရာ ကိစ္စများ၊ ရုံးလုပ်ငန်းစီမံခန့်ခွဲရေး ရာဆိုင်ရာကိစ္စများ အစရှိသည့် ရုံးဝန်ထမ်းများသိရှိရန် လိုအပ် သည်များအားလုံးကို တိုင်းဒေသ ကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီး ပါတီအတွင်းရေး မှူး ဦးအောင်ကျော်မိုးနှင့် တိုင်း ဒေသကြီးပါတီကော်မတီဝင်များ က သင်တန်းသား ၈ဝ ကို သင်တန်း ပို့ချပေးခဲ့ကြောင်း သိရသည်။

သုတ