မွန်ပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သံလွင်တံတား (ချောင်းဆုံ) အမည်ပေးခြင်းနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန် ကြေငြာချက်

 

မွန်ပြည်နယ်၊ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၇ခုနှစ် မတ်လ ၁၅ ရက်နေ့ (၁၃၇၈)ခုနှစ် တပေါင်းလပြည့်ကျော် ၃ ရက် ယမန်နေ့ တွင် သံလွင်တံတား (ချောင်းဆုံ) အမည်ပေးခြင်းနှင့်ပတ်သက်ပြီး
သတင်း ထုတ်ပြန်ကြေငြာချက် တစ်စောင်ထုတ်ပြန်ကြေငြာခဲ့သည်။

ယင်းကြေငြာချက် အပြည့်အစုံမှာ ” မွန်ပြည်နယ်တွင် ဖြစ်ပေါ်နေသော သံလွင်တံတား (ချောင်းဆုံ) အမည်ပေးရေးကိစ္စနှင့်ပတ်သက်၍ မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေဖြင့် ချောင်းဆုံမြို့နယ်သူ၊ မြို့နယ်သားများ၏ ဆန္ဒသဘောထားနှင့် တထပ်တည်းဖြစ်ပါကြောင်း သဘောထားထုတ်ပြန်ကြေငြာအပ်ပါသည်။”

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
မွန်ပြည်နယ်

#Editor