မျက်စိတိမ်စွဲ ရောဂါအတွက် သဘာဝဆေးပင်

ဖော်ပြပါပုံတွငမြင်နေရသည့် အပင်ကတော့ တိမ်ဂမုန်းပင်လို့ ခေါ်ပါတယ်။ အချို့ဒေသမှာတော့ ဂမုန်းတိမ်ပြာလို့ ခေါ်ကြပါတယ်။ မျက်စိရောဂါများအတွက် အလွန် ဆေးဖက်ဝင်သည့် အပင်တစ်မျိုး ဖြစ်ပါတယ်။

13715984_153719981716776_8175240323134202328_n

တောရဆောက်တည်နေသော ဆရာတော်တစ်ပါး၏ လက်တွေ့ပျောက်ကင်းခဲ့သော ဆေးနည်း တစ်မျိုးဆိုရင် လည်း မမှားပါဘူး။ ဆရာတော်ကိုယ်တိုင် ထိုတိမ်ဂမုန်းဖြင့် တိမ်စွဲနေသော မျက်စိကို ကုသ၍ ပျောက်ကင်းခဲ့ တယ်လို့ သိရပါတယ်။

ဆေးနည်းကတော့

(၁)     တိမ်ဂမုန်းပင်၏ ဥကို တူးယူ၍ နေရိပ်တွင် အခြောက်လှန်းပါ။

(၂)     ထိုဥကို အမှုန့်ကြိတ်၍ ပျားရည်နှင့် မန်ကျည်းစေ့ခန့် လုံးထားကာ ညစဉ် တစ်လုံးစီ သောက်ပါ။

(၃)     ထိုအမှုန့်ကို မကြာခဏ ရှူပေးပါ။

(၄)     ထိုအမှုန့်ကို အ၀တ်သန့်သန့်တွင် ထည့်၍ မျက်စိပေါ်ကို (၁၀) မိနစ်ခန့် အုပ်ထားပေးပါ။

(၅)     တိမ်ဂမုန်း၏ ဥကို ပြုတ်၍ ၎င်းပြုတ်ရည်ဖြင့် မျက်နှာသစ်ပါ။ မျက်စိကို ဆေးကြောပေးပါ။

          ထိခိုက်ရှနာနှင့် ဒဏ်ရာများအတွက် ၎င်းတိမ်ဂမုန်းဥကို ထုထောင်း၍ ဒဏ်ရာပေါ်ကို အုပ်ပေးထားပါက ဒဏ်ရာများ အမြန်ပျောက်ကင်းသက်သာစေပါသည်။

မျက်စိတိမ်စွဲနေသော ဝေဒနာရှင်များအတွက် ဒီဆေးနည်းကို မျှဝေပေးနိုင်ကြပါသည်။

စောနွဲ့နေဆိုင် (ပူတာအို)


Leave a Reply