မလေးရှား ဘုရင်အဖြစ် ပဉ္စမမြောက် ဆူလတန် မူဟာမက် တင်မြှောက်ခံရ

ပဉ္စမမြောက် ဆူလတန် မူဟာမက်သည် မလေးရှားနိုင်ငံ၏ ဘုရင်အသစ်အဖြစ် ဧပြီ ၂၄ ရက်တွင် တရားဝင် တင်မြှောက်ခံခဲ့ရသည်။ နန်းတက်ပွဲအခမ်းအနားကို အမျိုးသားနန်းတော်တွင် ခမ်းခမ်းနားနား ကျင်းပ ခဲ့သည်။ လူမျိုးနှင့် ဘာသာ ရေးအကွဲကွဲ အပြားပြားဖြစ်နေသော မလေးရှားနိုင်ငံ စုစည်းညီညွတ်ကြရန် ဘုရင်မင်းမြတ်က မိန့်ကြားသည်။

၁၅ ကြိမ်မြောက် မင်းဆက်ဖြစ်လာသော ဘုရင်မူဟာမက်က ရုပ်မြင်သံကြားမှတစ်ဆင့် တစ်နိုင်ငံလုံးသို့ မိန့်ခွန်းပြောသည်။ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှုနှင့် ဓလေ့စရိုက် မတူညီသော်လည်း ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်နိုင်ကြောင်း မလေးရှားနိုင်ငံက သက်သေပြလျက် ရှိသည်ဟု ဘုရင်မူဟာမက်က မိန့်ကြား သည်။

မတူညီသော လူမျိုးများ၊ ဘာသာဝင်များ ယှဉ်တွဲတည်ရှိနေမှုသည် မလေးရှားနိုင်ငံသို့ တစ်မူထူကဲစွာ အားကောင်းတောင့်တင်းစေသည်ဟု ၎င်းကဆိုသည်။

၁၉၅၇ ခုနှစ်တွင် လွတ်လပ်ရေးရခဲ့သော မလေးရှားသည် ယခုEှစ်တွင် နှစ်(၆ဝ)ပြည့်မည်ဖြစ်သဖြင့် အထိမ်း အမှတ်အခမ်းအနားများ ကျင်းပလျက်ရှိသည်။ နန်းတက်ပွဲအခမ်းအနား ကျင်းပသည့်နေ့ နံနက် ပိုင်းတွင် မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇက်က ဘုရင်စနစ် ဆက်လက်ကျင့်သုံးကြောင်း ကြေညာချက်ထုတ်  ပြန်သည်။

theyangontimes