မကွေးတိုင်းဒေသကြီးပါတီ၏ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းနှင့် ရုံးလုပ်ငန်းသင်တန်းဖွင့်ပွဲကျင်းပ

 

မကွေးတိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါ တီ၏ ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံး လုပ်နည်းနှင့် ရုံးလုပ်ငန်းသင်တန်း ကို ယမန်နေ့နံနက် ၉နာရီတွင် တိုင်းဒေသကြီးပါတီအစည်းအဝေး ခန်းမ၌ကျင်းပခဲ့ရာ သင်တန်းသို့ တိုင်းပါတီအတွင်းရေးမှူး ဦးဆန်း ညွန့်အောင်၊တိုင်းပါတီဘဏ္ဍာရေး မှူး ဦးကြည်ထွန်းနှင့် တိုင်းပါတီ ကော်မတီဝင်များ၊ ခရိုင်/မြို့နယ် ပါတီများမှ သင်တန်းသား ၉ဝ အပါအဝင် စုစုပေါင်း ၁ဝဝ တက် ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းပါတီ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်က အမှာစကားပြောကြားရာ၌ ယနေ့ အခြေအနေတွင် ပါတီအား ကျစ် လစ်တောင့်တင်းခိုင်မာပြီး စည်း ကမ်းရှိသောပါတီဖြစ်အောင် တည် ဆောက်နေပါကြောင်း၊ ဤကဲ့သို့ တည်ဆောက်ရာတွင်ပါတီဌာနချုပ်နှင့် တိုင်းပါတီမှ ထောက်ပံ့ပေးထား သောငွေကြေးများစနစ်တကျထိန်း သိမ်း၍ ပွင့်လင်းမြင်သာစွာအသုံး ပြုနိုင်ရန် လိုအပ်ကြောင်း၊ ရုံးလုပ် ငန်းများတွင်လည်း သတ်မှတ်ထား သောငွေကြေးများစနစ်တကျထိန်း သိမ်း၍ ပွင့်လင်းမြင်သာစွာအသုံး ပြုကြရန်လိုအပ်ပါကြောင်း၊ ရုံးတစ် ရုံး၏အင်္ဂါရပ်နှင့်အညီ ဝင်စာ/ထွက် စာများ၊မှတ်တမ်းများ စနစ်တကျ ဖြစ်စေရန်အတွက် ဤသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ ရရှိ သည့်အချိန်အတွင်း ကြိုးစားလေ့ လာ၍ မိမိရုံးသို့ ပြန်ရောက်သည့် အခါ ဆင့်ပွားသင်တန်းများ ပြန့်ပွား ကြပါစေရန် အမှာစကားပြောကြား သွားသည်။
ဆက်လက်၍ ပြောကြားရာ တွင် ရုံးလုပ်ငန်းသည် အဖွဲ့အစည်း တစ်ခုအတွက် လုပ်ငန်းစွမ်းဆောင် ရည် ပိုမိုတိုးတက်ပြီး လုပ်ငန်းများ တိကျသေချာစေပါကြောင်း၊အခြေခံ ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှု အလွဲ အမှားများသည်အချင်းချင်းသံသယ စိတ်ကိုဖြစ်ပေါ်စေ၍ ဘဏ္ဍာရေး ဆိုင်ရာသဘောတရားများ ပိုမို နားလည်ပါမှ မှန်ကန်စွာစီမံခန့် ခွဲတတ်ပြီး တိကျသောရုံးလုပ်ငန်း တိုးတက်ဖြစ်ပေါ်လာစေမည့် ဦးစီး တာဝန်များ၊ ပိုမိုနားလည်လာမည် ဖြစ်၍ ကြိုးစားသင်ယူလေ့လာ ကြပါရန် မှာကြားသွားသည်။

အဆိုပါသင်တန်းကို ခရိုင်/မြို့ နယ်ပါတီများမှ သင်တန်းသား ၉ဝ ဖြင့် စည်းရုံးရေးဘာသာရပ်၊ဥပဒေ ဆိုင်ရာများ၊ မီဒီယာရေးရာနှင့် လူငယ်ရေးရာများ၊ တောင်သူလယ် သမားရေးရာ၊ ငွေစာရင်းထိန်းသိမ်း နည်းများ၊ပါတီရုံးလုပ်ငန်းများအား တိုင်းရေးရာတာဝန်ခံများက ပို့ချသွား မည်ဖြစ်ပြီး ယနေ့အထိ နှစ်ရက် ကြာဖွင့်လှစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါသင်တန်း သည် ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။

ဇော်မြင့်(မကွေး)