မကွေးခရိုင်ပြည်ခိုင်ဖြိုး ပါတီဝင်နှစ်စဉ်ကြေးပေးအပ်ပွဲကျင်းပ

မကွေးခရိုင် ပြည်ခိုင်ဖြိုးပါတီ၏ ပါတီဝင်နှစ်စဉ်ကြေးပေးအပ်ပွဲ အခမ်းအနား ကို ဖေဖော်ဝါရီ (၂၂) ရက် နံနက် (၁၁) နာရီ (၃၀) မိနစ်အချိန်တွင် တိုင်း အထူးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးပါတီဥက္ကဌ (ဗဟိုအလုပ်အမှုဆောင်) ဒေါက်တာမောင်မောင်ဌေး၊ တိုင်း အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်း ဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ ခရိုင်တာဝန်ခံ ဦးစောဝင်းမောင်၊ ခရိုင်ပါတီဥက္ကဌ ဦးထွန်းရှိန်နှင့် ခရိုင်ကော်မတီဝင်များ၊ ခရိုင်အတွင်း မြို့နယ် (၆) မြို့နယ်တို့မှ မြို့နယ်ပါတီ ဥက္ကဌများ တက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွက် တိုင်းပါတီဥက္ကဌ၊ တိုင်း အတွင်းရေးမှူး၊ တိုင်းဘဏ္ဍာရေးမှူး၊ ခရိုင်တာဝန်ခံတို့မှ အမှာစကား အသီးသီးပြောကြခြင်း၊ မြို့နယ်ဥက္ကဌများမှ မြို့နယ်အလိုက်အခြေအနေများ တင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်အလိုက် ပါတီဝင်နှစ်စဉ်ကြေးများ ပေးအပ်ခဲ့ကြရာ တိုင်းဘဏ္ဍာရေးမှူး ဦးကြည်ထွန်းမှ လက်ခံရယူခဲ့ပြီး စုစုပေါင်း ပါတီဝင်နှစ်စဉ်ကြေး ကျပ် ၃၁၇၅၀၀ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

# Min Zaw Oo