မူပိုင်ခွင့်ချိုးဖောက်မှုဖြင့် Huawei ကို တရုတ်နိုင်ငံတွင် Samsung တရားစွဲ

နည်းပညာကုမ္ပဏီ Samsung Electronic က မူပိုင်ခွင့်ချိုးဖောက်မှုဖြင့် Huawei Technologies ကို တရုတ်နိုင်ငံရှိ တရားရုံးများတွင် တရားစွဲဆိုမှုပြုလုပ်ခဲ့သည်။

s1.reutersmedia

အဆိုပါ တရားစွဲဆိုမှုသည် ကမ္ဘာ့နံပါတ် ၁ နှင့် နံပါတ် ၃ စမတ်ဖုန်းကုမ္ပဏီအကြား ပြင်းထန်သည့် ပြိုင်ဆိုင်မှု တစ်ရပ်လည်း ဖြစ်သည်။

တောင်ကိုရီးယားကုမ္ပဏီသည် လွန်ခဲ့သည့်နှစ်ပတ်ခန့်က Huawei ကို ဘေကျင်းတရားရုံးတွင် ကုမ္ပဏီ၏ မူပိုင်ခွင့် ၆ ခု ချိုးဖောက်မှုဖြင့် တရားစွဲဆိုခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ သို့သော်လည်း ၎င်းက မူပိုင်ခွင့်အမျိုးအစား အသေးစိတ်နှင့် တရားစွဲဆိုမှုပြုလုပ်ခဲ့သော အခြားတရုတ်တရားရုံးများကို ဖော်ပြခဲ့ခြင်းမရှိပေ။

“ကုမ္ပဏီနှစ်ခုအကြား အခင်အမင်မပျက်အောင် ဖြေရှင်းဖို့ အကောင်းဆုံးကြိုးစားခဲ့ပေမယ့်လည်း ကုမ္ပဏီရဲ့ ဉာဏ မူပိုင်ခွင့်တွေကို ကာကွယ်ဖို့အတွက် ဥပဒေနဲ့အညီ အရေးယူဖို့ လိုအပ်လာခဲ့ပါတယ်” ဟု Samsung က Reuters ထံပြောကြားခဲ့သည်။

ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေးပစ္စည်းကိရိယာ ထုတ်လုပ်သူတစ်ဦးလည်းဖြစ်သည့် ရှန်ကျန်းအခြေစိုက် Huawei Technologies ကမူ တရားဝင်တိုင်ကြားချက် မရရှိကြောင်းနှင့် လိုအပ်ပါက ခုခံကာကွယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

Huawei သည် မေလက 4G ဆယ်လူလာဆက်သွယ်ရေးနည်းပညာ၊ operating system များနှင့် user interface software အတွက် မူပိုင်ခွင့်များကို ချိုးဖောက်သည်ဟုဆိုကာ Samsung ကို အမေရိကန်နှင့် တရုတ်နိုင်ငံတွင် တရားစွဲဆိုခဲ့သည်။

Ref: Reuters


Leave a Reply