မီးဘေးသင့်ပြည်သူများအားပြည်ခိုင်ဖြိုးပါတီထောက်ပံ့လှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ယခုလ ၂၂ ရက်၌ အမှတ်(၁၇၅)ရပ်ကွက်သံလွင်လမ်း တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီး ဘေးသင့်အိမ်ထောင်စု သုံးစုနှင့် မိသားစုဝင် ၁၃ဦးအား (၁ဝ၅)ရပ် ကွက် ကလေးသူငယ်စောင့်ရှောက် ရေးစင်တာတွင် ကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားရှိပြီး¤င်းမီးဘေး သင့်ပြည်သူများအား ရန်ကုန်တိုင်း ဒေသကြီး တိုင်းဒေသကြီး ပါတီ
နာယက ဒေါက်တာခင်မောင်ထွန်း မိသားစု၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၊ရန်ကုန်အရှေ့ပိုင်း ခရိုင်ပြည်ခိုင်ဖြိုးပါတီဒဂုံ(တောင်) ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊အတွင်းရေး မှူးနှင့်မြို့နယ်ပါတီ ကော်မတီဝင် များ၊ဒဂုံ(တောင်)အမျိုးသမီးကာကွယ် စောင့်ရှောက်ရေးအဖွဲ့၊ရပ်ကွက်ပါတီ ခေါင်းဆောင်များနှင့်ကော်မတီဝင် များမှ ယနေ့နံနက် ၈နာရီခွဲတွင် စုစုပေါင်းငွေကျပ် ၅၇၃ဝဝဝ အား သွားရောက်လှူဒါန်းခဲ့ပြီး မီးဘေး သင့်နေအိမ်များအား သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါလှူဒါန်းပွဲသို့ ရန်ကုန် တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတိုင်းဒေသ ကြီး ပါတီကော်မတီဝင် ဒေါ်စန်း စန်းဝင်း၊ အရှေ့ပိုင်းခရိုင်ပါတီ ဥက္ကဋ္ဌဦးစိန်မြင့်၊ ခရိုင်ပါတီကော် မတီဝင်ဦးဝဏ္ဏမျိုး၊ ဒဂုံ(တောင်) ပါတီဥက္ကဋ္ဌဒေါ်စမ်းစမ်းဌေး၊အတွင်း ရေးမှူးနှင့် မြို့နယ်ပါတီကော် မတီဝင်များ၊ အမျိုးသမီးကာကွယ် စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ရပ် ကွက်ပါတီခေါင်းဆောင်များနှင့် ကော်မတီဝင်များ၊ကြက်ခြေနီ၊အရန် မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား ၆၇ဦးဖြင့် သွားရောက် လှူဒါန်းလုပ်အားပေးခဲ့သည်။

အောင်ကျော်စိုး(ဒဂုံတောင်)