မိုးညှင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှဖွင့်လှစ်သော ဂီတသင်္ကေတသင်တန်းဆင်းပွဲကျင်းပ

 

ကချင်ပြည်နယ် မိုးညှင်းမြို့ နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ် သော ဂီတသင်္ကေတအမှတ်စဉ်(၂) သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက် ညနေ ၄နာရီ တွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟို ကော်မတီဝင်ဦးကျော်စိုးလေး၊ မိုး ညှင်းခရိုင် ပြည်ခိုင်ဖြိုးပါတီရေးရာ တာဝန်ခံဦးကျော်ဌေးလှိုင်၊လူငယ် ရေးရာတာဝန်ခံဦးအောင်မိုး၊သင်တန်း နည်းပြဆရာဦးစောငြိမ်းချမ်း(Steel Snake Bank)နှင့် သင်တန်းသား များတက်ရောက်ကြသည်။

အခမ်းအနားတွင် ခရိုင်ပါတီ ရေးရာတာဝန်ခံဦးကျော်ဌေးလှိုင်က အမှာစကားဟြေကြားပြီး မြို့နယ် လူငယ်ရေးရာတာဝန်ခံဦးအောင်မိုး က တိုင်းကျိုးပြည်ပြုလုပ်ငန်းများ အတွက် ပါတီမှအားကိုးရသည့် လူငယ်များဖြစ်အောင်ကြိုးစားကြ ရန် မှာကြားခဲ့သည်။
၎င်းနောက်ပါတီဗဟိုကော်မတီ ဝင် ဦးကျော်စိုးလေးက ပါတီ၏ မူဝါဒနှင့်အညီ မိမိတို့၏ဒေသနှင့် ပြည်သူတို့အတွက် စွမ်းရည်ပြည့် ဝသောလူငယ်များအဖြစ် အကျိုး ပြုလုပ်ငန်းများဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး သင်တန်းဆင်းလက် မှတ်များ ပေးအပ်ခဲ့ကြသည်။

အဆိုပါဂီတသင်္ကေတအရေး အဖတ်နှင့် အခြေခံဂီတာတီးသင် တန်းအမှတ်စဉ်(၂)ကို မိုးညှင်းမြို့ နယ်ပြည်ခိုင်ဖြိုးပါတီမှ အခမဲ့သင် ကြားပေးခဲ့ပြီး သင်တန်းကာလမှာ တစ်လကြာမြင့်ခဲ့ကြောင်း သိရ သည်။

ကချင်မြေနဂါး