မိုးညှင်းခရိုင်ပြည်ခိုင်ဖြိုးလူငယ်ရေးရာတွေ့ဆုံပွဲအင်းတော်ကြီးဒေသတွင်ကျင်းပ

 

ယမန်နေ့ဇန်နဝါရီ(၂၄)ရက် ညနေ (၃)နာရီခွဲတွင် မိုးညှင်းခရိုင်
ပြည်ခိုင်ဖြိုးလူငယ်ရေးရာတွေ့ဆုံပွဲကိုအင်းတော်ကြီးဒေသ အင်းတော်ဓမ္မာရုံရှေ့ နဂါးရုံပတ်လမ်း၌ ကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟိုကော်မတီဝင်ဦးကျော်စိုးလေးတက်ရောက်ချီးမြင့်ခဲ့
သည်။

ရှေးဦးစွာလူငယ်မိတ်ဆက်ခြင်းအစီအစဉ်ကိုပြုလုပ်ပြီး မိုးညှင်း
မြို့နယ် အင်းတော်ကြီးဒေသ ပြည်ခိုင်ဖြိုးပါတီနာယက ဦးကြည်လင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ
ပြည်နယ်ပါတီလူငယ်ရေးရာတာဝန်ခံ ဦးမရမ်ဘရန်ရှောင်က
လူငယ်ရေးရာလုပ်ငန်းစဉ်များနဲ့စပ်လျဉ်ြး့ပီး ရှင်းလင်းပြောကြား
သည်။

အစီအစဉ်အရ မိုးညှင်း မိုးကောင်း ဖားကန့် ပါတီလူငယ်ရေး
ရာတာဝန်ခံများက သက်ဆိုင်ရာမြို့နယ်အလိုက် လူငယ်ရေးရာ
လုပ်ရှားမှုများကိုဆွေးနွေးတင်ပြကြသည်။

ထို့နောက် မိုးညှင်းပြည်ခိုင်ဖြိုးလူငယ်ရေးရာတေးဂီတအဖွဲ့က
တေးသီချင်းများဖြင့်ဖျော်ဖြေတင်ဆက်ခဲ့ကြောင်းနှင့် တွေ့ဆုံပွဲသို့
ခရိုင်လူငယ်ရေးရာတာဝန်ခံ ဦးကျော်ဌေးလှိုင်အပါအဝင် မြို့နယ်
လူငယ်ရေးရာတာဝန်ခံများ ခရိုင်မြို့နယ်ပါတီဥက္ကဌများ ကော်မ
တီဝင်များနှင့် ပါတီဝင်လူငယ်များ စုစုပေါင်း (၁၈၀)ဦးခန့် တက်
ရောက်ခဲ့ကြောင်းသိရသည်။

Kachin Lion