မိုင်းတုံပြည်ခိုင်ဖြိုးပါတီကော်မတီ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ် ပါတီအတွင်းရေးမှူး ဦးစိုင်းအောင်ကြည် ဦးဆောင်သော မြို့နယ်ကော်မတီဝင်များသည် ယနေ့ (သြဂုတ် ၄ ရက်) နံနက်ပိုင်းက မြို့နယ်ပါတီရုံး၌ တွေ့ဆုံ၍ ရှေ့လုပ်ငန်းစဉ် များအတွက် ပါတီရံပုံငွေသုံးစွဲခွင့် စီမံချက်များချပြပြီး ပြည်သူလူထုအတွက် အကျိုးသက်ရောက်မည့် အကျိုးပြုလုပ်ငန်းများ အမြန်ဆောင်ရွက်သွားကြရန် ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။


Leave a Reply