မာန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်အသစ် ပြန်လည်စိုက်ထူ

 

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ဟောင်းနွမ်းပျက်စီး နေပြီဖြစ်သော မြို့နယ်ပါတီဆိုင်းဘုတ်ကို အသစ် ပြန်လည်စိုက်ထူခြင်း အခမ်းအနားကို မတ်လ (၁၃) ရက် နံနက် (၈) နာရီ (၄၅) မိနစ်အချိန်က ကျင်းပခဲ့သည်။

ဆိုင်းဘုတ်အသစ်တင်စိုက်ထူပွဲသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်ကြည်နှင့် မြို့နယ်ကော်မတီ ၀င်များ ဖြစ်ကြသော ဦးထွန်းတင်၊ ဦးခင်မောင်ရီ၊ ဦးမောင်မောင်တင်၊ ဦးထွန်းမင်း၊ အရန်ကော်မတီ ဦးဖြိုးမင်းလတ်၊ အကြံပေးပုဂ္ဂိုလ် ဦးငွေတင်နှင့် ရုံးဝန်ထမ်း ဒေါ်ခင်ချိုလင်း၊ ဒေါ်ဖြူဖြူစိုး၊ လူငယ်အမျိုးသားများနှင့် အမျိုးသမီး လူငယ်များ တက်ရောက်အားပေး ခဲ့ကြကြောင်း သိရသည်။