မာန်အောင်မြို့နယ်ရှိ အသက်ရာကျော် အဘွားအား ရာဇသင်္ဂဟ ဖောင်ဒေးရှင်းမှ အလှူငွေလှူဒါန်း

နိုင်ငံတော်သမ္မတကြီး(ငြိမ်း) ဦးသိန်းစိန် နာယကအဖြစ် ဖွဲ့စည်းတည်ထောင် ထားသော “ရာဇသင်္ဂဟ” ဖောင်ဒေးရှင်းမှ အသက် ၁၀၀ နှင့်အထက် အဘိုးအဘွားများကို တစ်ဦးလျှင် ၂၀၀၀၀၀(နှစ်သိန်း)ကျပ်စီဖြင့် လှူဒါန်းမှု ပြုလုပ်လျက်ရှိရာ စက်တင်ဘာလ (၁၆) ရက် မွန်းတည့် (၁၂) နာရီအချိန်က ရခိုင်ပြည်နယ် မာန်အောင် မြို့နယ် ကံတိုင်းအုပ်ကျေးရွာအုပ်စု တောင်အောက်ပြင် ကျေးရွာရှိ အသက် ၁၀၂ နှစ်ပြည့် အဘွားအို ဒေါ်ညှက်ကေ အား အလှူငွေ နှစ်သိန်းကျပ်နှင့် လှူဖွယ်ပစ္စည်းများကို ဖောင်ဒေးရှင်းကိုယ်စား ပြည်နယ်ပါတီ အရန်ကော်မတီဝင် ဦးကျော်လှဦးနှင့် ခရိုင်ပါတီကော်မတီဝင် ဥင်္ီးမောင်မောင်မြင့်တို့ လိုက်ပါလျက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်ကြည် ဦးဆောင်၍ မြို့နယ်ပါတီကော်မတီဝင်များ၊ ရုံးဝန်ထမ်းးများ၊ ပါတီဝင်များ၊ နယ်မြေတာဝန်ခံများ၊ ရပ်ကျေးဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးများမှ သွားရောက်လှူဒါန်းခဲ့ပါသည်။

ဆက်လက်၍ မာန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ကံတိုင်းအုပ်အုပ်စု အတွင်းရှိ တောင်အောက်ပြင် ကံတိုင်းအုပ်စစ်ကဲတော်အုပ်နှင့် ဆားချက် ကျေးရွာများ၌ ဘုန်းကြီကျောင်းများသို့ သွားရောက်၍ လှူဖွယ်ဝထ္ထု ပစ္စည်းများနှင့် အတူ နဝကမ္မ အလှူငွေများကို ဆက်လက်လှူဒါန်းခဲ့သည်။

maung kyi


Leave a Reply