မင်းဘူး / စကုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်အစည်းအဝေး ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူး/စကုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်အစည်းဝေးကို ယနေ့ (မတ်လ ၁၀ ရက်) နံနက်ပိုင်းက မင်းဘူး/စကုမြို.နယ် ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ရာ ဗဟိုပါတီကော်မတီဝင် တိုင်းလူငယ်ရေးရာ တာဝန်ခံ ဦးကျော်သူဦး၊ တိုင်းအရံပါတီကော်မတီ ဦးအေးသူ၊ မြို့နယ်ပါတီဥက္ကဌ ဦးကျော်ဝင်းမြင့်နှင့် ပါတီကော်မတီ ဝင်များ ရပ်ကွက် ကျေးရွာပါတီခေါင်းဆောင်များ တတ်ရောက်ပြီး လူငယ်ကေဒါတိုးပွားလာရေးကို ခရိုင် လူငယ် အတွင်းရေးမှူး ဦးဝင်းနိုင်၊ မြို.နယ်လူငယ်တာဝန်ခံ ဦးလမင်းအောင်နှင့်အဖွဲ့အား လုပ်ဆောင်ရမည့်တာဝန်များအား ထမ်းဆောင်နိုင်ရန် ကျေးရွာအရောက် ကူညီပံ့ပိုးနိုင်ရေး ပူပေါင်းပါဝင်ရေး ဆွေးနွေးပြီး မြို့နယ် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်စန္ဒာဝင်းထွန်းနှင့် အဖွဲ့ဝင် ဒေါ်ကေသွယ်မိုးတို့မှ ကျေးရွာအမျိုးသမီးရေးရာအဖွဲ့များ ပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

Crd;