ဘဏ္ဍာရေးနှင့် ကမ္ဘာ့ငွေကြေးဈေးကွက်ဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်း ဟောပြောပွဲကျင်းပမည်

13508962_10207355779032563_3092807008497425197_n

ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပညာရပ်၏ အရေးပါပုံနှင့် ကမ္ဘာ့ငွေကြေးဈေးကွက်ဆိုင်ရာ သိမှတ်ဖွယ်ရာများကို သိရှိစေရန် ရည်ရွယ်၍ MIND Investment Institute မှ ကြီးမှူး၍ ၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၃ ရက်၊ မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၄ နာရီအထိ UMFCCI ရှိ Mingalar Hall ၌ ဟောပြောပွဲ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ဒုတိယဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီးဌာန (ငြိမ်း) နှင့် မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် ကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ (ငြိမ်း) ဒေါက်တာ ဦးမောင်မောင်သိမ်းမှ “Financial Literacy’’ ခေါင်းစဉ်ဖြင့် ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပညာရပ်၏ အရေးပါပုံနှင့် Banking and Financial Sector (ဘဏ္ဍာရေးနယ်ပယ်တွင်) လူငယ်များ အတွက် ရရှိနိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများအကြောင်းကို ဆွေးနွေးဟော ပြောသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့ ဘဏ္ဍာရေးဆိုင်ရာပညာရပ်များနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ လေ့လာနိုင်ကြောင်း သိရသည်။


Leave a Reply