ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးပါတီ ဆိုင်းဘုတ်တင်ခြင်းနှင့် နှာခေါင်းစည်း ( MASK ) များလှူဒါန်း

 

ဘီးလင်း ၊ ဇွန် ( ၂၂ )

မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ အတွင်းရေးမှူး ဦးကျော်ဇေယျာမင်း၊ မြို့နယ်လူငယ်တာဝန်ခံ ဦးဆန်းထွန်းဦး၊ ပြည်နယ်ကော်မတီဝင် Dr ဦးခင်မောင်သွင်၊ ဦးစိုး မင်းစမ် တို့သည် ယနေ့ နံနက် (၈) နာရီက ဘီးလင်းမြို့နယ် ညောင်ပုလင်းကျေးရွာအုပ်စု ရွှေကျောင်းကြီး ကျောင်းတိုက်၌ ဘီးလင်းမြို့နယ် အမြှောက်တပ် ( ၃၁၄ ) တပ်ရင်း တပ်နယ်မှူး ဗိုလ်မှူးဦးဖြိုးသီဟ ဦးဆောင်သော တပ်မတော်ဆေးကုသရေးအဖွဲ့သည် ညောင်ပုလင်းကျေးရွာပြည်သူများအား အခမဲ့ ဆေးကုသ ပေးရာတွင် ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နှာခေါင်းစည်း (MASK) များ သွားရောက်လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ယနေ့ နေလည် (၁၁) နာရီက ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာအုပ်စု ရပ်/ကျေးပါတီကော်မတီဝင် ဦးညီအောင် နေအိမ်၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။ ထိုဆိုင်းဘုတ်တင်ပွဲကို ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးဥက္ကဋ္ဌဦးမြင့်ဆွေ ၊ မြို့နယ်လူငယ်တာဝန်ခံ ဦးဆန်းထွန်းဦး၊ ဦးစိုးမင်းစမ်နှင့် ရပ်/ကျေးပါတီဥက္ကဋ္ဌ ဦးမြင့်မြတ်နှင့် ရပ်/ကျေး ကော်မတီဝင်များဖြင့် ဖွင့်လှစ်ပေးခဲ့ပြီး ပါတီဆိုင်းဘုတ်အား အမွှေးနံ့သာများဖြင့် ပတ်ဖြန့်ပေးခဲ့ကြောင်း သိရသည်။ဇေ ကြီး