ဗိုလ်တထောင်တွင် ပါတီမျက်နှာစုံညီစည်းဝေးနှင့် ပြန်လည်ပြင်ဆင်ရွေးချယ်ရေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဗိုလ်တထောင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ပါတီပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေးကို ဇူလိုင်လ (၃) ရက် မွန်းလွဲ (၂) နာရီက မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးတင်လှိုင်က အဖွင့် အမှာစကား ပြောကြားပြီး မြို့နယ်ကော်မတီဝင်ဟောင်းများ နှုတ်ထွက်ခြင်း၊ မြို့နယ်ပါတီ ကော်မတီဝင် ၁၂ ဦး၊ အရန်ကော်မတီဝင် ရှစ်ဦးရွေးချယ်ခဲ့ကြပြီး ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးတို့ကို ထပ်မံရွေးချယ်ခဲ့သည်။

အခမ်းအနားသို့ ဗဟိုကော်မတီဝင် ဦးတင်အောင်၊ အရှေ့ပိုင်းခရိုင် အတွင်းရေးမှူး ဦးစိန်မြင့် နှင့် ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ပါတီခေါင်းဆောင်များနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြင့်ဦး


Leave a Reply