ဗဟိုကော်မတီဝင်နှင့်အဖွဲ့ လားဟူနှစ်သစ်ကူးပွဲ တက်ရောက် အားပေး

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးဝိလ်ဆင်မိုး၊ ခရိုင်ကော်မတီဝင် ဦးဟန်ဦး၊ မြို့နယ်ဥက္ကဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်ကော် မတီဝင် ဦးစိုးကျော်အောင်၊ မြို့နယ်အရံကော်မတီဝင် ဦးထက်အောင် နှင့် လူငယ်အဖွဲ့ဝင်များလိုက်ပါခဲ့လျှက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်း(စံပြ) ကျေးရွာတွင် ၂၀၁၇ ဇန်န၀ါရီလ (၁) ရက်က ကျင်းပပြုလုပ်သည့် (၁၉)ကြိမ်မြောက် လားဟူတိုင်းရင်းသား စုပေါင်း နှစ်သစ်ကူးပွဲတော် အခမ်းအနားသို့ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။

အခမ်းအနာတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဝဏ္ဏကျော်ထင် ဦးသန်းဌေး ဓါတ်ပုံပါ ၂၀၁၇ နှစ်သစ်ကူး ပြက္ခဒိန်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့သ၀ဏ်လွှာပါ ပိုစ့်စကဒ်များအား ကျေးရွာ အမာခံပါတီဝင်များအတွက် လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

# ရှမ်းပြည်နယ် အရှေ့ပိုင်းသတင်းစုံ