ဗဟိုအလုပ်အမှုဆောင်နှင့်အဖွဲ့ ချောင်းဆုံမြို့နယ် ပါတီနှင့်တွေ့ဆုံ

 

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်/ရပ်ကွက် ကျေးရွာ ပါတီကော် မတီဝင်များ ဗဟိုအလုပ်အမှုဆောင်နှင့် တွေ့ဆုံပွဲအခမ်းအနားကို ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်း ယနေ့ (ဒီဇင်ဘာလ ၁၅ ရက်) နံနက် (၉) နာရီအချိန်တွင် ကျင်းပပြုလုပ်ပါသည်။

အဆိုပါအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်မှုဆောင် ဒေါက်တာအောင်မြတ်ဦး၊ ဦးအောင်ကြည်သိန်း (ပြည်နယ်ပါတီဥက္ကဌ)၊ ဗဟိုကော်မတီဝင်များဖြစ်ကြသော ဒေါက်တာနန္ဒာလှမြင့်၊ ဦးရဲထွဋ်အောင်၊ ဦးလှထွန်းဦး၊ ပြည်နယ်ပါတီကော်မတီဝင် ဒေါက်တာတိုးတိုးအောင်၊ ဦးသက်ထွေး၊ ဦးမျိုးမင်းလှိုင်၊ ခရိုင်ပါတီဥက္ကဌ ဦးစိုးထွန်း၊ မြို့နယ်ပါတီဥက္ကဌ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ခေါင်းဆောင်များ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ဗဟိုအလုပ်မှုဆောင် ပြည်နယ်ပါတီဥက္ကဌ ဦးအောင်ကြည်သိန်းမှ အဖွင့်အမှာစကားပြောကြားပြီး ပါတီဗဟိုအလုပ်မှုဆောင် ဒေါက်တာအောင်မြတ်ဦးမှ လူငယ်ရေးရာကိစ္စများအား ဆွေးနွေးကာ၊ ရှေ့ဆက်ဆောင် ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် လူငယ်များ၏ အရေးပါပုံများ၊ ဗဟိုကော်မတီဝင်များမှ ပါတီလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ပါတီလူငယ်တာဝန်ခံ ဒေါက်တာတိုးတိုးအောင်မှ ရေးရာ လုပ်ဆောင်ချက်များ၊ ဆက်လက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား ချပြဆွေးနွေးခဲ့ပြီး ဗဟိုကော်မတီဝင် ဦးရဲထွဋ်အောင်မှ မီဒီယာကီစ္စများ အား ဆွေးနွေးရာ ပြည်နယ်ပါတီကော်မတီဝင် မီဒီယာတာဝန်ခံမှ ပြည်နယ် media လုပ်ဆောင်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာသော မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးခေါင်းဆောင်များမှ တင်ပြဆွေးနွေး ကြပြီး ဗဟိုအလုပ်အမှုဆောင်နှင့် ပြည်နယ်ပါတီဥက္ကဌမှ ဖြည့်စွက် ရှင်းလင်းဆွေးနွေးပြီး တွေ့ဆုံပွဲအခမ်းအနား ပြီးမြောက်ကြောင်း သိရှိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်


Leave a Reply