ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုကော်မတီဝင်နှင့် ကယားပြည်နယ်ပါတီ အဆင့်ဆင့် တွေ့ဆုံခြင်း

ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ နိုဝင်ဘာ (၁၀) ရက် နံနက်(၈း၃၀)နာရီမှ (၁၁း၀၀)နာရီအထိ တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ ယင်းတွေ့ဆုံပွဲ့သို့ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းဆွေ၊ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်ပါတီနာယကများ၊ ပြည်နယ်ပါတီဥက္ကဌ ဦးပိုးရယ် အောင်သိန်းနှင့် အဖွဲ့ဝင်များ၊ လွိုင်ကော်ခရိုင်နှင့် ဘောလခဲခရိုင်၊ မြို့နယ်(၇)မြို့နယ်မှ ပါတီဥက္ကဌနှင့် အဖွဲ့ဝင်များ စုစုပေါင်း အင်အား(၈၀)ဦး တက်ရောက်ပါသည်။

????????????????????????????????????
????????????????????????????????????

ပထမဦးစွာ  ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းဆွေမှ အဖွင့်အမှာစကား ပြောကြားရာတွင် ကယားပြည်နယ် ၂၀၁၇ ကြားဖြတ် ရွေးချယ်တင်မြှောက်ပွဲတွင် ပြည်နယ်လွှတ်တော်(၁)နေရာ ရွေးချယ်ရမှာဖြစ်၍ အခြေအနေ အရပ်ရပ်သိရှိလို၍ လာရောက်ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်ပါတီဥက္ကဌများသည် လွှတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးထား ပြီးဖြစ်ပါကြောင်း၊ လာမည့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ကယားပြည်နယ်အား ကြီးကြပ်ကွပ်ကဲနိုင်ရန် အဖွဲ့လိုက်တာဝန်ပေးထား ပါကြောင်း၊ ရှေ့ဆက်လက်ပြီး ညီညီညွှတ်ည့တ် စည်းစည်း လုံးလုံး လုပ်ဆောင်စေလိုကြောင်း ပြောကြားသွားပါသည်။

ဆက်လက်ပြီး ဗဟိုကော်မတီဝင် ဦးဝင်းမြင့်မှ အမှာစကားပြောကြားရာတွင် လာမည့် ၂၀၁၇ခုနှစ် ကြားဖြတ် ရွေးချယ်ပွဲသည် ပါတီအတွက် အရေးကြီးကြောင်း၊ အချင်းချင်းစိတ်ဝမ်းမကွဲစေဖို့ သတိထားရန်လိုအပ်ကြောင်း၊ ပြည်သူလူထုကြားတွင် ပါတီပုံရိပ်ကောင်းအောင်နေထိုင်သွားလာကာ ဆောင်ရွက်စေလိုကြောင်း၊ ကိုယ့်သမိုင်းကို ရေးကြတာဖြစ်တဲ့အတွက်ကြောင့် ပါတိအပေါ်သစ္စာရှိရှိ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသွားပါသည်။

ယင်းနောက် ပြည်နယ်/ခရိုင်/မြို့နယ်ပါတီဥက္ကဌများမှ မိမိတို့ လက်ရှိပါတီ လှုပ်ရှားဆောင်ရွက်မှုများ၊ ရေးရာ ကိစ္စများ၊ အားသာချက်၊ အားနဲချက်များ၊ အခက်အခဲများ၊ လိုအပ်ချက်များ အသီးသီး ဆွေးနွေး တင်ပြကြပြီး တင်ပြချက်များကို ပြည်နယ်ပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်းမှ ပြန်လည်ဆွေးနွေး ဖြေကြားကာ ဗဟိုအလုပ် အမှုဆောင် ဦးလှသိန်းဆွေမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

မမောင်(ချိကယ်သူ)


Leave a Reply