ဗဟိုအလုပ်အမှုဆောင်ဦးအောင်ထွန်း ရှမ်းပြည်နယ် (တောင်ပိုင်း) ပါတီဝင်များနှင့်တွေ့ဆုံ

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်အစည်းအဝေး ခန်းမ၌ အောက်တိုဘာ (၂၆) ရက် နံနက် ၉ နာရီက ပါတီဗဟိုအလုပ်အမှုဆောင် (နိုင်ငံရေးနှင့် တိုင်းရင်းသား ရေးရာတာဝန်ခံ) ဦးအောင်ထွန်းက တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ လင်းခေးခရိုင်တို့မှ ခရိုင်ပါတီဥက္ကဋ္ဌနှင့် ခရိုင် ပါတီကော်မတီဝင်များ၊ ပြည်နယ်အတွင်းရှိ (၂၁) မြို့နယ်မှ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် မြို့နယ်ပါတီ ကော်မတီ ဝင်များနှင့်တွေ့ဆုံပြီး လမ်းညွှန်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

14925490_449371288571337_5650134962356281197_n

အမှာစကားပြောကြားရာတွင် ပါတီဝင်များကို အထူးမှာကြားလိုသည်မှာ ပါတီတွင်းစည်းလုံးညီညွတ်ရေးကို အလေးပေးတည်ဆောက်ကြပြီး ပါတီရေရှည်တည်တံ့ခိုင်မြဲရေးကို ဦးစားပေးဆောင်ရွက်သွားကြရန်၊ ပါတီဌာနချုပ် အနေဖြင့်လည်း၊ ပါတီလုပ်ငန်းစစ်ဆေးရေးကော်မတီ၊ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီတို့ကို ဖွဲ့စည်းပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိဂုံးချုပ်အနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် (၂ဝ၂ဝ)အထွေထွေရွေး ကောက်ပွဲအောင်နိုင်ရေးကို မိမိတို့၏ အန္တိမ ရည်ရွယ်ချက် ထားပြီး ဆောင်ရွက်သွားကြရန် ထည့်သွင်းမှာကြားသည်။ ထို့နောက် ပြည်နယ်ပါတီနာယက ဦးစဝ်အောင် မြတ်က လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်းနှင့် ပြည်နယ်ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီ ဥက္ကဋ္ဌများနှင့်ခရိုင် ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် မြို့နယ်ပါတီကော်မတီဝင်များ စုစုပေါင်း အင်အား (၇၉)  ဦးလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းထူး(တောင်ကြီး)


Leave a Reply