ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အဖွဲ့ ဖရူဆိုမြို့နယ် ပြည်သူများနှင့် သွားရောက်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ဒီဇင်ဘာ (၅) ရက် မွန်း လွဲ ၁နာရီက ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့်(တောင်သူလယ်သမား ရေးရာကော်မတီ)၊ ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးတင်လှိုင်မြင့် (စည်းကမ်းထိန်းသိမ်း ရေးကော်မတီ)၊ ဦးမင်းမင်းဇေယျာမြင့် (ပါတီလုပ်ငန်းစိစစ်ရေး ကော်မတီ)၊ ဦးအောင်ကျော်ညွန့် (စီးပွားရေးရာကော်မတီ)၊ ဦးကိုကိုနိုင်(သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနကြီး)၊ ဦးကိုကိုလွင်(လုပ်ငန်းစိစစ်ရေးကော်မတီ)၊ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဌေးရယ်၊ ပြည်နယ်ပါတီကော်မတီ ဝင်များနှင့် လွိုင်ကော်ခရိုင် အတွင်းရေးမှူး ဦးကွယ်ရယ်ဖိုးတို့လိုက်ပါလျက် ကယားပြည်နယ် ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ် ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ရွာဦးကျောင်းဆရာ တော် ဦးနန္ဒိယ အားသွားရောက် ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများကို ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့သည် ဖရူဆိုမြို့နယ် ငွေတောင်ရွာသစ် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ငွေတောင်ရွာသစ်ရှိ ရပ်မိရပ်ဖများ၊ ပြည်သူလူထုများ နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသော ဒေသခံ ပြည်သူများက မိမိတို့ ရပ်ရွာလိုအပ်ချက် အခြေအနေများ တင်ပြဆွေးနွေးကာ ဗဟိုအတွင်း ရေးမှူးနှင့် အဖွဲ့ဝင်များက ညှိနှိုင် ရှင်းလင်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အဖွဲ့သည် မွန်းလွဲ ၃နာရီ မိနစ်၂ဝတွင် ဖရူဆိုမြို့ လောခုခူရွာဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး ဆရာတော် ဦးသေဋ္ဌိလ အား လှူဖွယ်ဝတ္ထုနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပြီး လောခုခူရွာပါတီဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးခဲ့သည်။

ယင်းတွေ့ဆုံပွဲတွင် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် အဖွဲ့ဝင်များက ရင်းရင်းနှီးနှီး တွေ့ဆုံအမှာ စကားပြောကြားပြီး ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးရီးချက်က ကယားတိုင်းရင်းသား ဘာသာစကားဖြင့် ဆွေးနွေးခဲ့သည်။ ထို့နောက် ဖရူဆို မြို့နယ် ပြည်ခိုင်ဖြိုးပါတီက လောခုခူဘုန်းတော်ကြီးကျောင်း အုတ်ရေကန် ပြန်လည် ပြုပြင် တည်ဆောက်ရန်အတွက် အလှူငွေကျပ်နှစ်သိန်းကို ကျောင်းအကျိုးတော်ဆောင် ဦးညားရယ်ထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။

ယင်းနောက် ဗဟိုအတွင်းရေး မှူးနှင့်အဖွဲ့သည် ညနေ ၄နာရီ၄၅ မိနစ်တွင် ဖရူဆိုမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးတွင် မြို့နယ်ပါတီဥက္ကဋ္ဌ နှင့် ကော်မတီဝင်များ၊ရပ်ကွက်/ ကျေးရွာစည်းရုံးရေးမှူး၊ အဖွဲ့ဝင် များနှင့်တွေ့ဆုံကာပါတီ၏လုပ် ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ စည်းရုံးရေးမှူးများ၏ လုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများ အသေးစိတ်ဆွေးနွေးသည်။

ညနေ ၆နာရီ ၁၅ မိနစ်တွင် ဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့သည် ဖရူဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များကို တွေ့ဆုံကာ ၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ဆောင်ရွက်နေမှု အခြေအနေများနှင့်လိုအပ်သည်များကို လုပ်ငန်းလမ်းညွှန်အမှာ စကားပြောကြားသွားကြောင်း သိရသည်။

အေးဇေယျာ


Leave a Reply