ဗဟိုအတွင်းရေးမှူးဦးသန်းထွန်းနှင့်အဖွဲ့ သလဲဦးကုန်းသာကျေးရွာနှင့် ကုန်းခြံအထက်ကျေးရွာ ပြည်သူများနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးအောင်တင်မြင့် (တောင်သူလယ်သမားရေးရာ)၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဦးမင်းမင်း ဇေယျာမြင့် (ပါတီလုပ်ငန်းစိစစ်ရေး)၊ ဦးတင့်လှိုင်မြင့် (ပါတီစည်းကမ်းထိန်းသိမ်းရး)၊ ဦးကိုကိုနိုင် (သုတေသနနှင့် ပညာရေးဌာနကြီး)၊ ဦးအောင်ကျော်ညွန့် (စီးပွားရေးရာ)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပါတီကော်မတီဝင်များ ဖြစ်ကြသည့် ဦးအုန်းဖေနှင့် ဦးမိုးစည်သူ၊ တောင်ကြီးခရိုင်ပါတီ ကော်မတီဝင် ဦးကျော်တိုး၊ ညောင်ရွှေမြို့နယ် ပါတီဥက္ကဋ္ဌ ဦးစံရွှေနှင့် မြို့နယ်ပါတီကော်မတီဝင်များလိုက်ပါပြီး ဒီဇင်ဘာ (၂၆) ရက် နံနက် ၁ဝ နာရီခွဲတွင် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် သလဲဦးကျေးရွာသို့လည်းကာင်း၊ မွန်းလွဲ ၁၂ နာရီခွဲတွင် ကုန်းခြံအထက် ကျေးရွာသို့လည်းကောင်း သွားရောက်၍ ဒေသခံ မိဘပြည်သူများနှင့်တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် ကူညီဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါတွေ့ဆုံပွဲများသို့ သလဲဦးကုန်းသာကျေးရွာ ဒေသခံမိဘ ပြည်သူ ၁၂ဝ ခန့်၊ ကုန်းခြံအထက်ကျေးရွာ ဒေသခံ မိဘပြည်သူ ၁ဝဝ ခန့်တက်ရောက်ကြပြီး အင်းလေးကန် ဇီဝအဝန်းနယ်မြေ အရှေ့ခြမ်းဒေသ ဖွံ့ဖြိုးရေးအတွက် ပါတီမှ ကူညီဆောင်ရွက်ပေးနိုင်သည်များကို ဗဟိုအတွင်းရေးမှူးက ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံမိဘပြည်သူ များ၏ တင်ပြချက်များကို ပြန်လည်ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေးဇေယျာ