ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးနှင့်မိသားစု ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာသို့ ငွေကျပ် ၁ဝသိန်းသွားရောက်လှူဒါန်း

 

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့် မိသားစု နေပြည်တော်ရှိ စွန့်လွှတ် စွန့်စားသူများကွန်းခိုရာ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ၏ ဝေယျာဝစ္စအတွက် ငွေကျပ် ၁ဝ သိန်းကို ဒီဇင်ဘာ (၆) ရက် ညနေက သွားရောက်လှူဒါန်းခဲ့သည်။

ယင်းလှူဒါန်းငွေ ကျပ် ၁ဝ သိန်းကို ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဗိုလ်ချုပ်သိန်းထွန်း(ငြိမ်း) (ဒုတိယ ဥက္ကဋ္ဌ-၂)နှင့် ဗိုလ်မှူးသောင်းမြင့် (ငြိမ်း)တို့က လက်ခံခဲ့ကြပြီး ဘိုးဘွားရိပ်သာဖြစ်ပေါ်လာပုံ အကျဉ်းနှင့်ပတ်သက်၍ အလှူရှင်မိသားစု အား ဗိုလ်ချုပ်သိန်းထွန်း(ငြိမ်း) (ဒုတိယဥက္ကဋ္ဌ-၂)က ရှင်းလင်းတင်ပြခဲ့သည်။

ကရုဏာကမ္ဘာဘိုးဘွားရိပ်သာကို တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စားခဲ့ကြသော တပ်မတော် သားများနှင့် နိုင်ငံ့ဝန်ထမ်းများနားခိုရန် ရည်ရွယ်ပြီး အစပြုတည်ထောင်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်မှတိုင်းပြည်အတွက် သက်စွန့်ဆံဖျား တိုက်ပွဲဝင်ခဲ့ကြသည့် တပ်မတော်သားများ အပြင် ဗဟိုအတွင်းရေးမှူးမှ တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စားခဲ့ကြသော နိုင်ငံ့ဝန်ထမ်း များအား လုံးကို တပ်မတော်အနေဖြင့် ပြန် လည်၍ ကျေးဇူတုံ့ပြန်သောအားဖြင့် စောင့်ရှောက်ကြည့်ရှုခြင်းအတွက်လည်းကောင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းကြည်(ငြိမ်း)က ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌအဖြစ် ဦးစီးကာ ဖွင့်လှစ်ထားရှိခဲ့ခြင်းဖြစ်ကြောင်း ကရုဏာ ကမ္ဘာဘိုးဘွားရိပ်သာမှ သိရသည်။

အဆိုပါဘိုးဘွားရိပ်သာ၌ လက်ရှိတွင် တပ်မတော်သားဟောင်းအဘိုးများနှင့် အဘွားဦးရေ စုစုပေါင်း ၉ဝ လာရောက် နားခိုလျက်ရှိနေပြီဖြစ်ကာ အဘိုးအဘွား နေထိုင်ရေး၊ စားရေးသောက်ရေး၊ ကျန်းမာရေး၊ အစရှိသည့် ဝေယျာဝစ္စ အရပ်ရပ်တို့အတွက် အလှူရှင် များ၏ ထည့်ဝင်လှူဒါန်းမှုဖြင့် ရပ်တည်နေလျက်ရှိပြီး ပြင်ပအလှူရှင်များကလည်း လှူဒါန်းမှု များ ပြုလုပ်လျက်ရှိကြသကဲ့သို့ ဦးပိုက်ထွေးနှင့်ဇနီး ဒေါ်ခင်မျိုးဌေး သား ဗိုလ်ကြီး ကျော်ဇင်လင်း၊ မောင်သုတဆန်း၊ ဗိုလ်သုတ တေဇတပ်မတော်(ရေ) (D.S.A) ဗိုလ်လောင်းပိုင်ဟိန်းခန့်တို့မိသားစု က ဒီဇင်ဘာ (၆) ရက် ညနေပိုင်းက လှူဒါန်းမှုများ ပြုခဲ့ကြသည်။

သာလှ(ပျဉ်းမနား)


Leave a Reply