ဗန်းမော်ခရိုင်နှင့်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လပတ်အစည်းအဝေး ရွှေကူမြို့၌ကျင်းပ

 

ကချင်ပြည်နယ် ဗန်းမော်ခရိုင် နှင့် မြို့နယ်ပြည်ခိုင်ဖြိုးပါတီလပတ် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲက ရွှေကူမြို့နယ် ပြည် ခိုင်ဖြိုးပါတီရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးသန်းဇော်လေးက အမှာ စကားပြောကြား၍ ဗန်းမော်ခရိုင် စည်းရုံးရေးကော်မတီ ဦးဇော်မင်း ရင်က ”၂ဝ၂ဝပြည့်နှစ်ရွေးကောက် ပွဲအောင်နိုင်ရေးအတွက် နေ့တိုင်းလို လိုတို့ရဲ့စည်းရုံးရေးမှူးတွေက လုပ် မှဖြစ်မယ်။ အဲဒီတော့ ပါတီဝင် အင်အားအရှိန်အဟုန်နဲ့ မြင့်မားလာ စေဖို့ ရပ်/ကျေးစည်းရုံးရေးမှူးများ ကို အားကိုးလို့၊ ယုံကြည်လို့ဖြစ် ပြီး ကြိုးစားဆောင်ရွက်ကြစေလို ပါတယ်”ဟု အမှာစကားပြော ကြားခဲ့သည်။
တက်ရောက်လာကြသူများက စည်းရုံးရေးရာ၊ လူငယ်ရေးရာ၊ အမျိုးသမီးရေးရာနှင့်သတင်းမီဒီယာ ကိစ္ဇရပ်များကို ဦးစားပေးဆွေးနွေး ခဲ့ကြ၍ သိရှိလိုသည်များကို မေး မြန်းဆွေးနွေးခဲ့ကြရာ ခရိုင်ပါတီ ဥက္ကဋ္ဌနှင့်ခရိုင်စည်းရုံးရေးတာဝန်ခံ တို့က ပြန်လည်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ ၂ နာရီ ခွဲတွင် ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ခရိုင် ပါတီဥက္ကဋ္ဌ ဦးသန်းဇော်လေးနှင့် ပါတီကော်မတီဝင်များ၊ ရွှေကူမြို့ နယ်ပါတီဥက္ကဋ္ဌ ဦးဇော်မင်းနှင့် ကော်မတီဝင်များ၊ မြိနယ်အတွင်းရှိ ရပ်/ကျေးစည်းရုံးရေးမှူးများ စုစု ပေါင်း ၆ဝ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

ဆီမီးခုံ-နန်းရီ


Leave a Reply