ဖွံ့ဖြိုးတိုးတက်မှုသို့ သွားရာလမ်းကြောင်းသစ်ကို ပုံဖော်ခြင်း

မြန်မာနိုင်ငံသည် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် သိသာထင်ရှားသော ပြောင်းလဲမှုများကို ဆောင်ရွက်လျက် ရှိပါသည်။ ယင်းပြုပြင်ပြောင်းလဲမှုများကို ပထမလှိုင်း၊ ဒုတိယလှိုင်းကဲ့သို့သော လှုပ်ရှားဆောင်ရွက်မှု လှိုင်းကြီး များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ပထမလှိုင်းမှာ တပ်မတော်အုပ်ချုပ်မှုပုံစံမှ ဒီမိုကရေစီ စနစ်သို့ ပြောင်းလဲမှုနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရခြင်းဖြစ်ပါသည်။ ဒုတိယလှိုင်းတွင်မှု နိုင်ငံရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဟူသောကဏ္ဍကြီး (၄)ရပ် ပါဝင်သည်။ ပြုပြင်ပြောင်းလဲရေး တတိယလှိုင်းသည် တာဝန်ခံခြင်းနှင့် တာဝန်ယူမှုတို့ မြင့်တက်အားကောင်းစေခြင်းကို ဦးတည်ချက်ထားသည်။

PEACE15

ယင်းပြုပြင်ပြောင်းလဲမှုများ၏ အဆုံးသတ်သည် ဆင်းရဲမွဲတေမှု ပပျောက်ရေးနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးကို ကောင်းမွန်သော အုပ်ချုပ်မှုပုံစံနှင့် သန့်ရှင်းသော အစိုးရဟူသော နည်းလမ်းများအသုံးပြု၍ ရုပ်လုံးဖော်ခြင်းပင်ဖြစ်ပါ သည်။ အစိုးရသည် ရေရှည်တည်တံ့၍ အားလုံးပါဝင်သော လူမှု့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို လေးနက်စွာ ဖော်ဆောင်ပေးခြင်း ဖြစ်ပါသည်။ အစိုးရသည် ကြီးမား၍ ရှုပ်ထွေးသောတာဝန်ဖြစ်သည့် စီးပွားရေးအစနစ်များ ခောတ်နှင့်အညီဖြစ်စေရန် ထိရောက်သော မှုဝါဒအများအပြားကို ချမှတ်ကျင့်သုံးခဲ့ပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ လူဦးရေသည် နိုင်ငံအတွက် အရေးအကြီးဆုံးနှင့် အပေါများဆုံးသော ရင်းမြစ်များပင် ဖြစ်ပါသည်။ လူဦးရေးမှ သန်း ၅၀ ကျော်ရှိ၍ ၁၅နှစ်မှ ၂၈နှစ်အတွင်းရှိသော လူငယ်အရေအတွက်မှ ၁၃သန်းခန့်ရှိသည်။ ယင်းပမာဏသည် အလုပ်လုပ်ကိုင်နိုင်သော အရွယ်အချိုး၏ ၄၀%မျှရှိသည်။ သိသာထင်ရှားသည်မှာ နိုင်ငံသည် လူဦးရေနှင့် စပ်လျဉ်းသော အကျိုးအမြတ် `demographic dididend´ဟု ခေါ်သော အခွင့်အလမ်းကို ရရှိနေခြင်းပင် ဖြစ်သည်။ စိန်ခေါ်ချက်မှာ နိုင်ငံချမ်းသာအောင် မပြုလုပ်နိုင်ခင် ယင်းလူငယ်လူဦးရေးများ မအိုမင်း သွားကြိဖို့သာ ဖြစ်ပါသည်။ အနောက်နိုင်ငံများမှာ ပြုလုပ်ထားသည့် နိုင်ငံရေးနှင့် စီးပွားရေးပိတ်ဆို့မှုများ ဖြေလျော့ပေးလိုက်ခြင်းသည် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို အရှိန်မြင့်တင်ပေးလိုက်ခြင်းဖြစ်သည်။ နိုင်ငံ၏စီးပွားရေး အဖွင့်ကဏ္ဍကို နောက်ဆုံးနယ်ပယ်သစ်ဟူ၍ ရည်ညွန်းပြောဆိုလေ့ရှိုပြီး နိုင်ငံတကာဈေးကွက်နှင့် စီးပွားရေး အခွင့်အလမ်းများ ရရှိရေးဘက်သို့ ပိုမိုချဉ်းနှင်း ၀င်ရောက်လာနိုင်သောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံသည် အချိန်အတိုင်းအတာ တိုတိုလေးအတွင်းမှာပင် အတော်ဝေးဝေးသို့ ရောက်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေအသစ် ပြဌာန်းခြင်း၊ ဆက်သွယ်ရေးကဏ္ဍ ဖွင့်လှစ်လိုက်ခြင်း၊ လွပ်လပ်သော ဗဟိုဘဏ် အဖြစ် ဖော်ဆောင်မှု စသည်တို့သည် အစိုးရအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဥပဒေအရ၊ ဘဏ္ဍာရေးကဏ္ဍအရ၊ နိုင်ငံရေး မှုဘောင်အရ ပြည်သူ့ဗဟိုပြုဖွံ့ဖြိုးတိုးတက်မှုများကို တစိုက်မတ်မတ် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်း၏ သရုပ်သဏ္ဍန်အချို့ပင်ဖြစ်ပါသည်။

နိုင်ငံသည် လာမည့်ဆယ်စုနှစ်အနည်းငယ်အတွင်း ဒေသတွင်းနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ အဓိကအရေးပါသူဖြစ်ရန် ဟန်ချက်ညီညီဖြစ်တည်နေသည်။ IMFမှ ခန့်မှန်းထားသော ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု ( GDP ) တိုးတက်မှုသည် ၂၀၁၃ / ၂၀၁၄ ဘဏ္ဍာနှစ်အတွက် ၇.၅ % နှင့် ၂၀၁၄ / ၂၀၁၅ ခုနှစ်အတွင်းမူ ၇.၇၅ သို့ ရောက်ရှိရန် မျော်မှန်းထားပါသည်။ ၂၀၁၄ / ၂၀၁၅ ခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုနှုန်းသည် အမေရိကန် ဒေါ်လာ ၈ ဘီလီယံအထိ ရောက်ရှိသွားပြီဖြစ်ပါသည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများမှာ အဓိကအားဖြင့် စွမ်းအင် ကဏ္ဍနှင့် ခရီးသွားလုပ်ငန်းကဏ္ဍတို့တွင် ဖြစ်သည်။ မြန်မာနိုင်ငံ၏ အသားတင်အရန်ငွေများသည် ဖြည်းဖြည်းနှင့် မှန်မှန်တိုးတက်လျက်ရှိပြီး ဗဟိုဘဏ်မှ ကြေညာချက်တွင် ၂၀၁၃၊ အောက်တိုဘာလအကုန်တွင် အရန်ငွေ ပမာဏမှာ အမေရိကန်ဒေါ်လာ ၈.၁၉ ဘီလီယံသို့ ရောက်ရှိသွားပြီးဖြစ်ကြောင်း တွေ့ရပါသည်။

ယင်းအလားအလာမှာ ရှေ့သို့ဆက်လက် ဖြစ်ပေါ်နေဦးမည်ဟု ခန့်မှန်းရသည်။ စီးပွားရေးတိုးတက်မှုကို အဓိက ဖြစ်စေသည့်ကဏ္ဍများထဲမှတစ်ခုမှာ အားမာန် အပြည့်ဖြင့် သိသာထင်ရှားနေသည့် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေး ၀န်ဆောင်မှုကဏ္ဍပင်ဖြစ်ပါသည်။ အစိုးရသည် နိုင်ငံအတွင်း၌ ဘဏ်လုပ်ငန်းကဏ္ဍကို လွတ်လပ်စွာ လုပ်ကိုင်ခွင့် ဖြေလျော့ပေးထားသည့်အပြင် နိုင်ငံခြားဘဏ်ကိုးခုကိုလည်း လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ချထားပေးပြီးဖြစ် ပါသည်။ ထို့ပြင် နိုင်ငံအတွင်း အရင်းအနှီး ဈေးကွက်တံခါးကို ဖွင့်လှစ်ပေးခြင်းအနေဖြင့် စတော့ဈေးကွက်ကို ၂၀၁၆တွင် တည်ထောင်ရန် မျော်မှန်းထားပါသည်။ သာမန်ဘဏ်လုပ်ငန်းကို ပြည်သူများမှ ထိတွေ့မှုသည် လူဦးရေ၏ ၁၀ % သာရှိနေပြီး ပိုမိုများပြားလာစေခြင့်အလို့ငှာ အစိုးရအနေဖြင့် မိုဘိုင်လ်ငွေပေးချေမှု၊ မိုဘိုင်းလ်ဘဏ်လုပ်ငန်းတို့ကို စတင်မိတ်ဆက် မြှင့်တင် ဆောက်ရွက်နေပြီဖြစ်ပါသည်။ ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေခြင်းသည် အရေးတကြီး စဉ်းစားရမည့်အချက်ဖြစ်ပြီး လူတစ်ဦးချင်းအတွက်ပင်ဖြစ်စေ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက်ပင်ဖြစ်စေ ကြိုတင်ငွေချေး၍ အသုံးပြုသည့်စနစ်ကို လက်တွေ့အသုံးချ နိုင်ရေးအတွက် အားထုတ်ကြိုးပမ်း ဆောင်ရွက်မှုများလည်း ရှိပါသည်။

လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ယန္တရားတစ်ခုအဖြစ် လူမှုစီးပွားရေးလုပ်ငန်းများအခန်းကဏ္ဍကို အသိအမှတ်ပြု လက်ခံထားသည့်အပြင် အရှိန်အဟုန်ဖြင့် မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေ အသစ်သည် နိုင်ငံတကာမှ အရင်းအနှီးများ နိုင်ငံရေး၊ စီးပွားရေးကဏ္ဍအတွင်းသို့ရောက်ရှိလာရန် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများကို ဖိတ်ခေါ်ဆွဲဆောင်နိုင်ရေး ဦးတည်လျက်ရှိသည်။ ၎င်းဥပဒေသည် အခွန်ကင်းလွတ်ခွင့်ကဲ့သို့ စိတ်ဝင်စားဖွယ် ဆွဲဆောင်မှုများဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအား ဆွဲဆောင်လျက်ရှိသည်။ နိုင်ငံခြားနှင့် ပြည်တွင် ရင်းနှီးမြုပ်နှံသူများအတွက် ထိန်းညှိပေးသည့် ကိုယ်ထည်တစ်ခုအနေဖြင့် ဆောင်ရွက်နေသော မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်သည် နိုင်ငံအတွင်း စီးပွားရေးပြုလုပ်ရမည့် တွေ့ကြုံရသည့် အခက်အခဲများကို လွယ်ကူချောင်ချိစေရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။ တစ်နေရာတည်းအပြီး ၀န်ဆောင်မှု အလားအလား ရှိသော နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအတွက် ချက်ချင်းဆောင်ရွက်ပေးလျက်ရှိပါသည်။ နိုင်ငံရပ်ခြားနှင့် ပြည်တွင်းရှိ ရင်းနှီးမြုပ်နှံသူအားလုံးသည် ၄င်းတို့ လုပ်ငန်းများမှ နှစ်စဉ်အမြတ်ငွေ ၁.၅ % ကို Corporate Social Responsibility (CSR) အတွက် ပြန်လည် လှူဒါန်းပေးရန် ရည်မှန်းထားပါသည်။ ထိုသို့ ပြန်လည် လုပ်ဆောင် ပး ရာတွင်လည်း သက်ရောက်ခံလူထုအတွင်းမှ အဓိက အကျိုးရှင်များအဖြစ် သေချာတိုင်ပင်နှီးနှော၍ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ယင်းကဲ့သို့သော စည်းကမ်းမျိုးရှိသည့်နိုင်ငံမှာ အာဆီယံဒေသအတွင်းတွင် မြန်မာတစ်နိုင်ငံ တည်းသား ရှိပါသည်။ ထို့အပြင် (CSR) လုပ်ဆောင်ချက်တစ်ရပ်ဖြစ်သည့် United Nation Global Compact အဖွဲ့သို့ ရင်းနှီးမြုပ်နှံသူများ ထပ်မံဝင်ရောက်လာရေးကိုလည်း မျှော်မှန်းလျက်ရှိပါသည်။

အစိုးရသည် နိုင်ငံအတွင်း၌ တာဝန်ယူ၊ တာဝန်ခံတက်သော စီးပွားရေး လုပ်ဆောင်ချက်ကောင်းများ ကျင့်သုံး နိုင်ရေးကိုလည်း မြှင့်တင်ဆောင်ရွက်လျှက် ရှိပါသည်။ အဆုံးတွင်မူ OCED နှင့် UN တို့ဖြင့် နီးကပ်စွာ ဆောင်ရွက် ကြရမည် ဖြစ်ပါသည်။ OCED ၏ လမ်းညွန်ချက်ဖြစ်သည့် ကောင်းမွန်သော ကော်ပိုရိတ် အုပ်ချုပ်မှုပုံစံကို ပြည်တွင်းစီးပွားရေး အသိုင်းအ၀ိုင်းအတွင်း မိတ်ဆက်ပေးခဲ့ပြီးဖြစ်ပါသည်။ ယင်းတို့ထဲမှ အသိသာ အထင်ရှားဆုံး ပြယှဒ်တစ်ခုမှာ United Nations Global Compact ကို အသုံးပြုနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ကမ္ဘာ့ကုလသမဂ္ဂမှ အထွေထွေအတွင်းရေးမှူးဖြစ်သည့် မစ္စတာဘန်ကီးမွန်းမြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် မေလ၊ ၂၀၁၅ ခုနှစ်တွင် ပြည်တွင်းစီးပွားရေးလုပ်ငန်း(၁၅) ခုသည် United Nations Global Compact သို့ ၀င်ရောက်ရန် လက်မှက်ထိုး ခဲ့ကြပါသည်။ နိုဝင်ဘာလ၊ ၂၀၁၅ ခုနှစ် ၎င်းထပ်မံပြန်လည်ရောက်ရှိလာသည့် အခါတွင် လုပ်ငန်းပေါင်း ၂၀၀ သို့ ရောက်ရှိသွားပြီဖြစ်ပါသည်။ အာဆီယံဒေသတွင်းနိုင်ငံများတွင် United Nations Global Compact သို့ ၀င်ရောက်သည့်နှုန်းမှာ မြန်မာနိုင်ငံသည် ပထမချိတ်လျက်ရှိပါသည်။ United Nations Global Compact သည် နယ်ပယ်ကြီး (၄) ခုဖြစ်သော လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်နှင့် အဂတိ လိုက်စားမှု ဆန့်ကျင်ရေးတို့အပေါ် အခြေခံသော လမ်းညွန်စည်းမျဉ်း (၁၀) ချက်ဖြင့် အခြေခံဆောင်ရွက်နေသော အဖွဲ့ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ၎င်း၏ မဟာဗျူဟာမြောက်တည်နေရာနှင့်ပတ်သက်ပြီး အကျိုးကျေးဇူးများ ရရှိလျက် ရှိပါသည်။ အိန္ဒိယနှင့် တရုတ်ကြားတွင်တည်ရှိနေပြီး အရှေတောင်အာရှ၊ တောင်အာရှတို့နှင့် ထိစပ်နေခြင်းသည် မြန်မာနိုင်ငံ အတွက် အလားအလာရှိသော ဈေးကွက်အနေဖြင့် လူဦးရေ ၃ ဘီလီယံအထိ ဖြစ်ပေါ်စေပါသည်။ ဒေသတွင်း ချိတ်ဆက်မှုသည် အဓိကအရေးကြီးပြီး ၎င်းချိတ်ဆက်မှုဖြစ်ပေါ်စေရန် အခြေခံအဆောက်အအုံ စီမံကိန်းများ ရေးဆွဲထားပြီးဖြစ်သည်။ အရေးကြီးသော ကနဦးလုပ်ဆောင်ချက်တစ်ခုမှာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုး တိုးတက်စေရေးနှင့် နိုင်ငံခြားကုမ္ပဏီများအား ဆွဲဆောင်နိုင်ရေးအတွက် အထူးစီးပွားရေးဇုန်များ တည်ထောင်ခြင်း ပင်ဖြစ်ပါသည်။ ယခုလက်ရှိတွင် အဓိက အထူးစီးပွားရေးဇုန် (၃)ခုကို စီမံဆောင်ရွက်လျက်ရှိပါသည်။ ဇုန်တစ်ခုမှာ ရန်ကုန်နှင့် အနီးတ၀ိုက်တွင်ရှိပြီး တစ်ခုမှာ မြန်မာနိုင်ငံ၏ တောင်ဘက်တွင်ရှိမည်ဖြစ်၍ နောက်ဆုံးတစ်ခုမှာ အနောက်ဘက်ပိုင်းတွင် ရှိမည်ဖြစ်ပါသည်။ ၎င်းတို့သည် စီးပွားရေးကော်ရစ်ဒါများဖြစ်ကြပြီး နိုင်ငံ၏စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် လျှင်မြန်စွာ ဆောင်ရွက်နိုင်မည်ဟု အစိုးရမှ မျှော်လင့်ထားသည့်အရာများလည်း ဖြစ်သည်။

မြန်မာနိုင်ငံသည် နောက်လူသာစတမ်း ဥပဒေသကို လက်တွေ့အကောင်အထည်ဖော်နိုင်သည့် နိုင်ငံဖြစ်သည်။ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် နိုင်ငံရေးအရ၊ စီးပွားရေးအရ သီးသန့်ဖြစ်နေခဲ့ခြင်းသည် ယခု အကူးအပြောင်း ကာလသို့ရောက်ရှိလာသည့်အခါ၌ အခြားသောနိုင်ငံများမှ အတွေ့အကြုံ သင်ခန်းစားများ ရယူနိုင်သည့် အခြေ အနေဖြစ်စေခဲ့သည်။ အဓိက အောင်မြင်မှုတစ်ခုမှာ နိုင်ငံပိုင်လုပ်ငန်းများကို ပြုပြင်ပြောင်းလဲ နိုင်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံပိုင်လုပ်ငန်းအားလုံးကို ပုဂ္ဂလိကပိုင်ပြန်ပေးရေး ပုံစံအစား အစိုးရသည် ကော်ပိုရိတ်မဟာဗျူဟာတစ်ရပ်ကို သေချာကျနစွာ ရေးဆွဲခဲ့ပါသည်။ ယင်းဗျူဟာတွင် အစိုးရကလုပ်ငန်း ပိုင်ဆိုင်ခွင့်အား ဆုပ်ကိုင်ထား၍ နိုင်ငံပိုင်လုပ်ငန်းများကို ပရောဖက်ရှင်နယ်ကျကျ စီမံခန့်ခွဲလုပ်ဆောင်လျက် ရှိသည်။ စီးပွားရေးနှင့် ဆိုင်သော လုပ်ငန်းဆောင်တာများ ဆောင်ရွက်နေကြသည့် ၀န်ကြီးဌာနအာလုံးသည် ယင်းဆောင်ရွက်ချက်ကို အကောင် အထည် ဖော်လျက်ရှိပါသည်။

၁၉၈၇ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ကျဆုံး နိုင်ငံများ စာရင်းတွင် ပါဝင်သွားခဲ့ပါသည်။ ယင်းသည် တစ်နိုင်ငံလုံးအတွက် ကြေကွဲနာကျင်စရာကောင်းသော အတွေ့အကြုံပင်ဖြစ်ပါသည်။ အစိုးရသည် ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံများစာရင်းမှ ရုန်းထွက်နိုင်ရန် ကမ္ဘာ့ကုလသမဂ္ဂနှင့် နီးနီးကပ်ကပ် ဆောင်ရွက်လျက် ရှိပါသည်။ ယင်းသို့ထွက်မည်ကိုလည်း တရားဝင်ကြေညာချက် ထုတ်ပြန်ထားပြီးသားဖြစ်သည်။ ပြည်ထောင်စုနှင့် ပြည်နယ်၊ တိုင်းဒေသကြီးများတွင်လည်း တစ်နိုင်ငံလုံး ပူးပေါင်းပါဝင်လာစေရန် လှုပ်ရှားမှုများဖြင့် ဆော်သြဆောင် ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ် အကုန်နောက်ဆုံးထား၍ ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ (Millennium Development Goals) ရရှိရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ထို့ပြင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ (Sustainable Development Goals) ကိုလည်း ဖော်ဆောင်ရန် ဆွေးနွေးတိုင်ပင်မှုအဆင့်ကို စတင်ဆောင်ရွက်နေပြီဖြစ်ပါသည်။ အာဆီယံစီးပွားရေး အသိုက် အ၀န်းကို ၂၀၁၅ ခုနှစ် အကုန်တွင် အသက်ဝင်လှုပ်ရှားစေမည်ဖြစ်သည့်အတွက် ယခုနှစ်သည် မြန်မာနိုင်ငံ အတွက် အရေးကြီးသော အလှည့်အပြောင်းတစ်ခုဖြစ်လာနိုင်ပါသည်။ AEC သည်ဒေသတွင်း နိုင်ငံမျာရှိ ရင်းနှီးမြှုတ်နှံသူများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးလိမ့်မည်။ အာဆီယံ ဒေသတွင်း နိုင်ငံများ၏ စုစုပေါင်း အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုးသည် လက်ရှိ၌ အမေရိကန်ဒေါါ်လာ ၂.၃ ထရီလီယံရှိနေပြီး ၂၀၃၀ တွင် ဒေါ်လာ ၁၀ ထရီလီယံအထိ ဖြစ်လာနိုင်ခြေရှိသည်။ မြန်မာ့စီးပွားရေး လုပ်ငန်းများသည် ပို၍ ပြိုင်ဆိုင်မှုများ ပြုလုပ်ပြီး ပို၍ကြိုးစားရုန်းကန်၍ အခွင့်အလမ်းသစ်များမှ အကျိုးကျေးဇူးများရရှိရန် အားထုတ်ကြိုးပမ်းရမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် အနာဂတ် ရည်မှန်းချက်သည် အလွန်ပင်ရှင်းလင်းလှသည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖြင့် ပေါင်းစပ်နိုင်သည့် ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်ရေးသာ ဖြစ်သည်။ အဆုံးသတ်တွင်မှု စီးပွားရေးအရ အားမာန်အပြည့်ဖြစ်စေရေး၊ လူမှုရေးအရာ အားလုံးပါဝင်လာရေးတို့ဖြစ်သည်။ ရေရှည်ရည်မှန်းချက်တွင်မှု ဖွံ့ဖြိုး တိုးတက်၍ အရောင်အသွေးစုံပြီး ရေရှည်တည်တံ့သော စီးပွားရေးရပ်ဝန်းတစ်ခု ဖန်တီးဖြစ်ပေါ်စေရေး ဖြစ်သည်။ ယင်းရည်မှန်းချက် ဖြစ်ပေါ်လာရန် စီးပွားရေး ရပ်ဝန်းသည် ပြည်သူလူထု ဗဟိုပြု၍ အားလုံး ပူးပေါင်းပါဝင်သော အခြေအနေ တစ်ရပ်ဖြစ်ရန် လိုသည်။

အစိုးရသည် စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးကျွမ်းဝင်သော ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးလျက်ရှိကာ ခိုင်မာသော လုပ်ငန်းအုတ်မြစ်တစ်ခုကို တည်ဆောင်လျက်ရှိသည်။ ဆိုလိုသည်မှာ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်မှုသာမက စီးပွားရေးအရ ပေါင်းစပ်မှုတို့ကိုပါ ချဲ့ထွင်လာခြင်းဖြစ်သည်။ နိုင်ငံတကာအဆင့်အနေဖြင့် ပြိုင်ဆိုင်မှုကြီးမားသော ကဏ္ဍများကို ထုတ်ဖော်သတ်မှတ်ပြီး ပြိုင်ဆိုင်ကြရပါမည်။ လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍသည် စီးပွားရေးတိုးတက်မှုအတွက် အရေးပါသော အရွေ့အပြောင်း တစ်ခုဖြစ်လာလိမ့်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် မျှတသော ၊ ရပ်တည်နိုင်သော ၊ အားမာန်အပြည့်ပါသော၊ ရေရှည်တည်တံ့သော ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်း တစ်ခုကို ရွေးချယ်ပါလိမ့်မယ်။

ဒေါက်တာအောင်ထွန်းသက်၏ Forgin a New Path for Development ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။


Leave a Reply