ဖျာပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆွမ်းဆန်စိမ်းလောင်းလှူ

 

ဖျာပုံခရိုင် ဖျာပုံမြို့နယ် ပြည် ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၏ဦးဆောင်မှုဖြင့် နှစ်စဉ်ကျင်းပ မြဲဖြစ်သော ဖျာပုံမြို့လုံးဆိုင်ရာ (၂၂)ကြိမ်မြောက် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယမန်နေ့ ညနေ ၄ နာရီတွင် ဖျာပုံခရိုင် ရတနာ့သိဒ္ဒိ သာသနာ့ဗိမာန်တော်ကြီးမှ ပထမ လမ်း တစ်လျှောက်လောင်းလှူ ပွဲကျင်းပခဲ့သည်။

အဆိုပါဆွမ်းဆန်စိမ်းလောင်း လှူပွဲသို့တိုင်းဒေသကြီးပါတီကော် မတီဝင်ဒေါ်စိုးစိုးရီ၊ ခရိုင်အတွင်း ရေးမှူးဦးချစ်ဆွေ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးဝင်းမြင့်၊ ခရိုင်နှင့်မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကွက် ကျေးရွာစည်းရုံးရေးမှူးများနှင့် ပါတီဝင်များက ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြောင်း သိရသည်။

ဆွမ်းဆန်စိမ်း လောင်းလှူပွဲ တွင် ဖျာပုံခရိုင်နှင့် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အမှတ် (၉၈)ခြေလျင်တပ်ရင်း၊ ဖျာပုံခရိုင် နှင့်မြို့နယ်ရဲတပ်ဖွဲ့၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊လုပ်ငန်းရှင်များ၊ရပ်ကွက်/ ကျေးရွာအုပ်ရေးမှူးများနှင့်ရပ်ကွက် အလိုက် အလှူရှင်များ၊ မြို့ခံအလှူ ရှင်များကဖျာပုံမြို့နယ်ရှိ ဘုန်းတော် ကြီးကျောင်း၆၉ကျောင်း၊ သီလရှင် ကျောင်း ခုနစ်ကျောင်း စုစုပေါင်း ၇၆ ကျောင်းတို့မှ သံဃာတော် အပါး ၇၇ဝ၊ သာမဏေ ၁၈၆ ပါး၊ သီလရှင်၁၅၂ပါးစုစုပေါင်း ၁၁ဝ၈ ပါးတို့အား ဆွမ်းဆန်အိတ် ၃၅၇ အိတ်နှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို လောင်းလှူခဲ့ကြောင်း သိရသည်။

ကျော်စိုးမိုး(ဖျာပုံ)