ပျဉ်းမနားမြို့နယ်ပါတီ မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ်တွေ့ဆုံပွဲကျင်းပ

 

ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ်တွေ့ဆုံပွဲ (၂/၂၀၁၇)နှင့် ပါတီဝင်နှစ်စဉ်ကြေး စုပေါင်းပေးအပ်ပွဲအခမ်းအနားကို (၉-၂-၂၀၁၇) ရက်နေ့ နံနက် (၉)နာရီမှ (၁၁)နာရီအထိ မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ ပြည်ထောင်စုနယ်မြေ ကော်မတီဝင် ဦးဝင်းမြင့်l ခရိုင်ကော်မတီဝင် ဒေါ်ဖြူဖြူကျော်l မြို့နယ် ပါတီဥက္ကဌ ဒေါ်ဝင်းဝင်းသီနှင့် မြို့နယ်ကော်မတီဝင်များl ရပ်ကျေး(၃၆)အုပ်စုမှ စည်းရုံးရေးမှူးနှင့် ကော်မတီဝင်များ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။

အစီအစဉ်အရ ပြည်ထောင်စုနယ်မြေကော်မတီဝင် ပျဉ်းမနားမြို့နယ်တာဝန်ခံ ဦးဝင်းမြင့်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ကော်မတီဝင် ပျဉ်းမနားမြို့နယ်တာဝန်ခံ ဒေါ်ဖြူဖြူကျော်မှ ပါတီအဆင့်ဆင့်၏ ရှေ့လုပ်ငန်း စဉ်များ ချပြဆွေးနွေးခဲ့ပါသည်။

ထို့နောက် မြို့နယ်ပါတီဥက္ကဌ ဒေါ်ဝင်းဝင်းသီမှ ပါတီစည်းရုံးရေးဆိုင်ရာလုပ်ငန်းကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ရပ်ကျေးကော်မတီဝင်များမှ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ပျဉ်းမနားမြို့နယ်အတွင်းမှ ပါတီဝင်ထားသည့် ဗဟိုကော်မတီဝင် ၅ ဦး၊ ခရိုင်ကော်မတီဝင် ၁ ဦး၊ မြို့နယ်ကော်မတီဝင် ၁၃ ဦး၊ ရပ်ကျေး ၃၆ အုပ်စုမှ စည်းရုံးရေးမှူးနှင့် ကော်မတီဝင် ၁၈၀ ဦး စုစုပေါင်း ပါတီဝင် အင်အား ၁၉၉ ဦးတို့၏ ပထမ ၆ လစာအတွက် ပါတီဝင်နှစ်စဉ်ကြေး ၅၀၀ိ/-နှုန်းဖြင့် စုစုပေါင်းငွေ ၉၉၅၀၀ိ/- ကို ၄င်းတို့ ကိုယ်စား ရပ်ကျေးခေါင်းဆောင်တစ်ဦးမှ ပေးအပ်သည်ကို မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသီမှ လက်ခံ ရယူခဲ့ကြောင်း သိရသည်။

# Shwe Yamin