ပဲခူးတိုင်းဒေသကြီးမှ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများဂုဏ်ပြုပူဇော်ပွဲ တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှတက်ရောက်လှူဒါန်း

ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တွင် ယမန်နေ့ နံနက် ၉ နာရီခွဲက ကျင်းပသော ပဲခူးတိုင်းဒေသကြီး အတွင်းမှ ၂ဝ၁၇ ခုနှစ် သာသနာ တော်ဆိုင်ရာဘွဲ့တံဆိပ်တော်များရ ရှိတော်မူကြသော ဆရာတော်ကြီး များအား ဂုဏ်ပြုပူဇော်ရာတွင် ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အတွင်းရေးမှူး ဦးညီညီမြင့်နှင့် ကော်မတီဝင်များ တက်ရောက် ပူဇော်ပြီး အလှူငွေများနှင့် လှူ ဖွယ်ပစ္စည်းများလောင်းလှူပူဇော် ခဲ့သည်။

 

ပဲခူးတိုင်းဒေသကြီးမှ ၂ဝ၁၇ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့ တံဆိပ်တော်ရရှိမှုမှာ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက တစ်ပါး၊ ဓမ္မကထိကဗဟုဇနဟိတဓရဘွဲ့ တစ်ပါး၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့ သုံးပါး၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိ တဘွဲ့တစ်ပါး၊ မဟာဂန္ထဝါစက ပဏ္ဍိတနှစ်ပါး၊ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့နှစ်ပါး၊ အဂ္ဂမဟာသဒ္ဓမ္မဇော တိကဓဇဘွဲ့သုံးပါး၊ မဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့တစ်ပါး၊ သဒ္ဓမ္မ ဇောတိကဓဇဘွဲ့တစ်ပါး စုစုပေါင်း ၁၅ ပါးရရှိကြကြောင်း သိရသည်။

တင်စိုး(ပဲခူး)