ပါတီ၏မူ၀ါဒ

ပါတီ၏မူဝါဒမ်ားမွာ ေအာက္ပါအတိုင္းျဖစ္သည္ –
(က) အမ်ိဳးသားေရးမူဝါဒ။ ျပည္ေထာင္စုမၿပိဳကြဲေရး၊ တိုင္းရင္းသားစည္းလုံးညီၫြတ္မႈ မၿပိဳကြဲ ေရး၊ အခ်ဳပ္အျခာအာဏာတည္တံ့ခိုင္ၿမဲေရးကို ထာဝစဥ္ ဦးထိပ္ထားမည္။
(ခ) ႏိုင္ငံေရးမူဝါဒ။ အမ်ိဳးသားအက်ိဳးစီးပြားကို ဦးထိပ္ထား၍ ပါတီစုံဒီမိုကေရစီစနစ္ကို လက္ခံ က်င့္သုံးမည္။
(ဂ) စီးပြားေရးမူဝါဒ။ ေဈးကြက္စီးပြာေရးစနစ္ကို လက္ခံက်င့္သုံးမည္။
(ဃ) ႏိုင္ငံျခားေရးမူဝါဒ။ လြတ္လပ္၍ တက္ႂကြၿပီးဘက္မလိုက္ေသာ ႏိုင္ငံျခားေရးမူဝါဒကိ က်င့္သုံးမည္။ ၿငိမ္းခ်မ္းစြာအတူယွဥ္တြဲေနထိုင္ေရး မူႀကီးငါးခ်က္ႏွ႔္အညီ ေဆာင္႐ြက္မည္။
(င) ကာကြယ္ေရးမူဝါဒ။ ႏိုင္ငံေတာ္အား ျပည္တြင္းျပည္ပ အႏၲရာယ္မ်ားမွ အျပည့္အဝ ကာကြယ္ ႏိုင္စြမ္း ရွိေစရန္ ျပည္သူလူထုႏွင့္အတူ တပ္မေတာ္ႏွင့္ ပူးေပါင္းေဆာင္႐ြက္မည္။
(စ) လူ႔အခြင့္အေရးဆိုင္ရာမူဝါဒ။ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္အညီ ႏိုင္ငံသားတိုင္း၏ အခြင့္ အေရးႏွင့္ရပိုင္ခြင့္မ်ားရရွိေစရန္ ႀကိဳးပမ္းေဆာင္႐ြက္မည္။
(ဆ) တိုင္းရင္းသားေရးဆိုင္ရာမူဝါဒ။ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးကို အေလးထားမည္။ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္အညီ တိုင္းရင္းသားမ်ား၏ အခြင့္အေရးမ်ားကို အျပည့္အဝ ရရွိခံစားႏိုင္ေစရန္ ႀကိဳးပမ္းေဆာင္႐ြက္မည္။
(ဇ) ေတာင္သူလယ္သမားေရးဆိုင္ရာမူဝါဒ။ ေတာင္သူလယ္သမားမ်ား၏ လူမႈစီးပြားဘဝဖြံ႕ၿဖိဳး တိုးတက္ေစရန္ ႀကိဳးပမ္းေဆာင္႐ြက္မည္။ တည္ဆဲဥပေဒမ်ားႏွင္အညီ ေတာင္သူ လယ္သမားမ်ား၏ အခြင့္အေရးအက်ိဳးစီးပြားမ်ားကို အျပည့္အဝရရွိခံစားႏိုင္ေစရန္ ႀကိဳးပမ္း ေဆာင္႐ြက္မည္။
(ဈ) အလုပ္သမားေရးဆိုင္ရာမူဝါဒ။ အလုပ္သမားမ်ား၏ လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္ေစရန္ ႀကိဳးပမ္းေဆာင္႐ြက္မည္။ တည္ဆဲဥပေဒမ်ားႏွင့္အညီ အလုပ္သမားမ်ား၏ အခြင့္အေရး မ်ားကို အျပည့္အဝရရွိခံစားႏိုင္ေစရန္ ႀကိဳးပမ္းေဆာင္႐ြက္မည္။
(ည) လူငယ္ေရးရာမူဝါဒ။ လူငယ္မ်ား၏ တက္ႂကြသည့္ အားမာန္၊ ခိုင္မာသည့္ ယုံၾကည္ခ်က္၊ မြန္ျမတ္သည့္စိတ္ထား၊ မွန္ကန္သည့္အေတြးအေခၚ၊ ျဖဴစင္ျမင့္ျမတ္သည့္ပရဟိတစိတ္ဓာတ္ ေကာင္းမ်ားျဖင့္ ျပည္သူ႔အက်ိဳး၊ ႏိုင္ငံအက်ိဳးသယ္ပိုးထမ္းေဆာင္မည့္ အရည္အခ်င္း ျပည့္မီသည့္လူငယ္မ်ား တိုးတက္ပြားမ်ားလာေစရန္ႏွင့္ လူငယ္မ်ား၏ဘဝ ဖြံ႕ၿဖိဳးတိုးတက္ ေစရန္ ႀကိဳးပမ္းေဆာင္႐ြက္မည္။
(ဋ) အမ်ိဳးသမီးေရးရာမူဝါဒ။ တည္ဆဲဥပေဒမ်ားႏွင့္အညီ ျမန္မာႏိုင္ငံအမ်ိဳးသမီးမ်ား၏ ဘဝလုံၿခဳံေရး၊ လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္ေရး၊ လူေနမႈဘဝပိုမိုျမင့္မားလာေစေရးတို႔ အတြက္ ႀကိဳးပမ္းေဆာင္႐ြက္မည္ျဖစ္ၿပီး ႏိုင္ငံေတာ္က အားထားရေသာ အမ်ိဳးသမီး အင္အားစုႀကီးအျဖစ္ ထာဝစဥ္ရပ္တည္ႏိုင္ေအာင္ ႀကိဳးပမ္းေဆာင္႐ြက္မည္။
(ဌ) ဘာသာေရးဆိုင္ရာမူဝါဒ။ လြတ္လပ္စြာယုံၾကည္ကိုးကြယ္ခြင့္ကိုေထာက္ခံအားေပးမည္။
(ဍ) ပူးေပါင္းေဆာင္႐ြက္ေရးမူဝါဒ။ အမ်ိဳးသားအက်ိဳးစီးပြားအတြက္ ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီ၏ ဆုံးျဖတ္ခ်က္ႏွင့္အညီမည့္သည့္ပါတီ၊ မည္သည့္အဖြဲ႕အစည္းႏွင့္မဆို ညႇိႏႈိင္း ပူးေပါင္းေဆာင္႐ြက္မည္။
(ဎ) ပညာေရးမူဝါဒ။ ႏိုင္ငံသားတိုင္းပညာသင္ၾကားခြင့္ရရွိေစရန္၊ ႏိုင္ငံတကာအဆင့္မီေစ ရန္ႏွင့္ ႏိုင္ငံခ်စ္စိတ္ျပည့္ဝသည့္ လူ႔စြမ္းအားအရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္ေစရန္ အေလး ထားေဆာင္႐ြက္မည္။
(ဏ) က်န္းမာေရးမူဝါဒ။ တစ္မ်ိဳးသားလုံး သက္ရွည္က်န္းမာႀကံ့ခိုင္ေစရန္ ႀကိဳးပမ္းေဆာင္ ႐ြက္မည္။
(တ) ယဥ္ေက်းမႈဆိုင္ရာမူဝါဒ။ အမ်ိဳးသားယဥ္ေက်းမႈ စ႐ိုက္လကၡဏာမ်ား မေပ်ာက္ပ်က္ ေစရန္ ထိန္းသိမ္းေစာင့္ေရွာက္မည္။


ပါတီ၏မူဝါဒများမှာ အောက်ပါအတိုင်းဖြစ်သည် –
(က) အမျိုးသားရေးမူဝါဒ။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲ ရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ထာဝစဉ် ဦးထိပ်ထားမည်။
(ခ) နိုင်ငံရေးမူဝါဒ။ အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထား၍ ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံ ကျင့်သုံးမည်။
(ဂ) စီးပွားရေးမူဝါဒ။ ဈေးကွက်စီးပွာရေးစနစ်ကို လက်ခံကျင့်သုံးမည်။
(ဃ) နိုင်ငံခြားရေးမူဝါဒ။ လွတ်လပ်၍ တက်ကြွပြီးဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိ ကျင့်သုံးမည်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက်နှ့်အညီ ဆောင်ရွက်မည်။
(င) ကာကွယ်ရေးမူဝါဒ။ နိုင်ငံတော်အား ပြည်တွင်းပြည်ပ အန္တရာယ်များမှ အပြည့်အဝ ကာကွယ် နိုင်စွမ်း ရှိစေရန် ပြည်သူလူထုနှင့်အတူ တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မည်။
(စ) လူ့အခွင့်အရေးဆိုင်ရာမူဝါဒ။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံသားတိုင်း၏ အခွင့် အရေးနှင့်ရပိုင်ခွင့်များရရှိစေရန် ကြိုးပမ်းဆောင်ရွက်မည်။
(ဆ) တိုင်းရင်းသားရေးဆိုင်ရာမူဝါဒ။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အလေးထားမည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တိုင်းရင်းသားများ၏ အခွင့်အရေးများကို အပြည့်အဝ ရရှိခံစားနိုင်စေရန် ကြိုးပမ်းဆောင်ရွက်မည်။
(ဇ) တောင်သူလယ်သမားရေးဆိုင်ရာမူဝါဒ။ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်မည်။ တည်ဆဲဥပဒေများနှင်အညီ တောင်သူ လယ်သမားများ၏ အခွင့်အရေးအကျိုးစီးပွားများကို အပြည့်အဝရရှိခံစားနိုင်စေရန် ကြိုးပမ်း ဆောင်ရွက်မည်။
(ဈ) အလုပ်သမားရေးဆိုင်ရာမူဝါဒ။ အလုပ်သမားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်မည်။ တည်ဆဲဥပဒေများနှင့်အညီ အလုပ်သမားများ၏ အခွင့်အရေး များကို အပြည့်အဝရရှိခံစားနိုင်စေရန် ကြိုးပမ်းဆောင်ရွက်မည်။
(ည) လူငယ်ရေးရာမူဝါဒ။ လူငယ်များ၏ တက်ကြွသည့် အားမာန်၊ ခိုင်မာသည့် ယုံကြည်ချက်၊ မွန်မြတ်သည့်စိတ်ထား၊ မှန်ကန်သည့်အတွေးအခေါ်၊ ဖြူစင်မြင့်မြတ်သည့်ပရဟိတစိတ်ဓာတ် ကောင်းများဖြင့် ပြည်သူ့အကျိုး၊ နိုင်ငံအကျိုးသယ်ပိုးထမ်းဆောင်မည့် အရည်အချင်း ပြည့်မီသည့်လူငယ်များ တိုးတက်ပွားများလာစေရန်နှင့် လူငယ်များ၏ဘဝ ဖွံ့ဖြိုးတိုးတက် စေရန် ကြိုးပမ်းဆောင်ရွက်မည်။
(ဋ) အမျိုးသမီးရေးရာမူဝါဒ။ တည်ဆဲဥပဒေများနှင့်အညီ မြန်မာနိုင်ငံအမျိုးသမီးများ၏ ဘဝလုံခြုံရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လူနေမှုဘဝပိုမိုမြင့်မားလာစေရေးတို့ အတွက် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံတော်က အားထားရသော အမျိုးသမီး အင်အားစုကြီးအဖြစ် ထာဝစဉ်ရပ်တည်နိုင်အောင် ကြိုးပမ်းဆောင်ရွက်မည်။
(ဌ) ဘာသာရေးဆိုင်ရာမူဝါဒ။ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကိုထောက်ခံအားပေးမည်။
(ဍ) ပူးပေါင်းဆောင်ရွက်ရေးမူဝါဒ။ အမျိုးသားအကျိုးစီးပွားအတွက် ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ ဆုံးဖြတ်ချက်နှင့်အညီမည့်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းနှင့်မဆို ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မည်။
(ဎ) ပညာရေးမူဝါဒ။ နိုင်ငံသားတိုင်းပညာသင်ကြားခွင့်ရရှိစေရန်၊ နိုင်ငံတကာအဆင့်မီစေ ရန်နှင့် နိုင်ငံချစ်စိတ်ပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် အလေး ထားဆောင်ရွက်မည်။
(ဏ) ကျန်းမာရေးမူဝါဒ။ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်စေရန် ကြိုးပမ်းဆောင် ရွက်မည်။
(တ) ယဉ်ကျေးမှုဆိုင်ရာမူဝါဒ။ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက် စေရန် ထိန်းသိမ်းစောင့်ရှောက်မည်။