ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကျိုင်းတုံမြို့ရှိ ပါတီဝင်များ တွေ့ဆုံ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ ရောက်ရှိသော ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးသန်းဌေးနှင့် အဖွဲ့သည် မတ်လ (၁၃) ရက် ညနေ ၄ နာရီတွင် ကျိုင်းတုံမြို့ ပြည်နယ်ပါတီရုံးအပေါ်ထပ် ခန်းမတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ပါတီဝင်များနှင့် တွေ့ဆုံခဲ့ကြသည်။

ထို့သို့တွေ့ဆုံရာတွင် သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပါတီဥက္ကဋ္ဌများက လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာများ ဖတ်ကြားတင်သွင်းခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးချယ်ခံမည့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရှာမွေလရှဲန်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် နယ်မြေ အခြေအနေ များ ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသော ပါတီဝင်များက လိုအပ်ချက်ကို တင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်တစ်ခုလုံး၏ အခြေအနေများကို ရှမ်းပြည်နယ် ဒု-ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင် က ရှင်းလင်းတင်ပြီး ပါတီဥက္ကဋ္ဌကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်၊ ဗဟိုအတိုင်ပင်ခံ ဦးစဝ်အောင်မြတ်၊ ဗဟိုကော်မတီဝင် ဒေါက်တာ နန္ဒာလှမြင့်၊ ကျိုင်းတုံပြည်နယ်ပါတီ ဥက္ကဋ္ဌနှင့် ပြည်နယ်ကော်မတီအဖွဲ့၊ ကျိုင်းတုံခရိုင်နှင့်မြို့နယ်ပါတီဥက္ကဋ္ဌ များ ကော်မတီများ၊ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီခေါင်းဆောင်များနှင့် ပါတီဝင်များ၊ မိုင်းပျဉ်း၊ မက်မန်း၊ မိုင်းယန်း၊ မိုင်းခတ်မြို့နယ်များမှ ပါတီဥက္ကဋ္ဌများနှင့် ကော်မတီဝင် အင်အား ၂ဝဝ ကျော်တက်ရောက်ခဲ့ပြီး ညနေ ၆ နာရီ ၁ဝ မိနစ်တွင် တွေ့ဆုံပွဲကိုအောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။