ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကျိုင်းတုံမြို့ရှိ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အငြိမ်းစားဝန်ထမ်းများနှင့် တွေ့ဆုံ

 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် မတ်လ (၁၃) ရက် မွန်းလွဲ ၂ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ပြည်ခိုင်ဖြိုးရိပ်သာ၌ မြို့နယ်အတွင်းရှိ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အငြိမ်းစား ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဦးစွာ မိတ်ဆက်စကားပြော ကြား၍ အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်၊ ဗဟိုအတိုင်ပင်ခံ ဦးစဝ်အောင်မြတ်နှင့် ရှမ်းပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်း၊ ပြည်နယ်ပါတီဒုဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်တို့က အသီးသီး မိတ်ဆက် စကားပြောကြားခဲ့သည်။

ထို့နောက် ဒေသခံရပ်မိရပ်ဖများနှင့် လူမှုရေးအသင်းအဖွဲ့များမှ သိရှိ လိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးကလည်း ပြန်လည်သုံးသပ်ဆွေးနွေးခဲ့သည်။

တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်၊ ဗဟိုကော်မတီဝင်များ၊ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ပြည်နယ်ဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်ပါတီဝင်များ၊ မြို့ခံရပ်မိ ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အငြိမ်းစား ဝန်ထမ်းများ စုစု ပေါင်း ၄ဝ ကျော် ခန့်တက်ရောက်ခဲ့ပြီး အခမ်းအနားကို မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

ဖက်တီးလေး