ပါတီဗဟိုအတိုင်ပင်ခံဦးရဲမြင့် မန္တလေးတိုင်းဒေသကြီး တိုင်းဒေသကြီး ခရိုင် မြို့နယ်ပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးရဲ မြင့်သည် ဖေဖောါဝါရီ (၈) ရက် နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီတိုင်းဒေသကြီး၊ခရိုင်၊မြို့နယ် ပါတီကော်မတီဝင်များအား တိုင်း ဒေသကြီးပါတီအစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ပါတီရေးရာကိစ္စရပ်များကို မှာကြားဆွေးနွေးခဲ့သည်။

ဗဟိုအတိုင်ပင်ခံဦးရဲမြင့်က မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်း သက်ဆိုင်ရာနယ် မြေအလိုက်ပါတီဝင်များ၏ အရည် အချင်းနှင့်အရည်အသွေးမြင့်မား လာစေရေး၊ ပါတီဝင် များ၏ စာဖတ်ရှိန်မြင့်မားလာစေရန်အတွက် မြို့နယ်အလိုက် စာကြည့်တိုက်များ တည်ထောင်ရေး၊ ပါတီဝင်များ စာများများဖတ်ကြစေရေး အစရှိသည်တို့ကို မှာကြားဆွေးနွေား ခဲ့ကာ မြို့နယ်များမှ တာဝန်ရှိသူများက လည်း သက်ဆိုင်ရာမြို့နယ်အလိုက် ပါတီရေးရာ ဆောင်ရွက်ချက်များကို တင်ပြဆွေးနွေးခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင် ပင်ခံဦးရဲမြင့်နှင့်တိုင်းဒေသကြီး၊ ခရိုင်၊မြို့နယ်ပါတီကော်မတီ ဝင်များ တွေ့ဆုံရာသို့မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပါတီကော် မတီဝင်များ၊ခရိုင်နှင့် မြို့နယ်များမှ ဥက္ကဋ္ဌများနှင့်မြို့နယ်ပါတီကော်မတီဝင်များ အပါအဝင် စုစုပေါင်း အင်အား ၉ဝ တက်ရောက်ခဲ့ကြောင်း သိရသည်။

သုတ