ပါတီဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် မုံရွာမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ ဝင်းမြင့်အောင်၏ မဲဆွယ်စည်းရုံးပွဲများသို့ တက်ရောက်အားပေး

ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့်သည် ဖေဖော်ဝါရီ (၂၃) ရက် နံနက် (၈) နာရီ အချိန် တွင် မုံရွာမြို့နယ် ကျောက္ကာ (တောင်)ရွာမှ ရပ်မိရပ်ဖ ဦးနန်းကို၏ နေအိမ်တွင် လည်းကောင်း၊ နံနက် (၁၀)နာရီ အချိန်တွင် ထနောင်းဝင်းကျေးရွာမှ ရပ်မိရပ်ဖ ဦးဇော်ဇော်အောင်နေအိမ်တွင်လည်းကောင်းကျင်းပပြုလုပ်ခဲ့သည့် ကျေးလက်ဒေသနေ မိဘပြည်သူများနှင့် တွေ့ဆုံ၍ မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၏တွင် ၀င်ရောက် ရွေးချယ်ခံ မည့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမြင့်အောင်၏ မဲဆွယ်စည်းရုံးပွဲများသို့ လိုက်ပါပြီး တက်ရောက်အားပေးခဲ့ပါသည်။

ဦးစွာ ပါတီဗဟိုဦးဆောင်ကော်မတီဝင်မှ ပါတီကိုယ် စားလှယ်လောင်း ဒေါက်တာဝင်းမြင့်အောင်နှင့် ကျေးလက် ဒေသနေ မိဘပြည်သူများအား မိတ်ဆက်ပေးခဲ့ပြီး ကိုယ်စားလှယ်လောင်းမှ မဲဆွယ် စည်းရုံးဟောပြောခဲ့ရာ ကျောက္ကာ(တောင်)ကျေးရွာ၌ မိဘပြည်သူ(၁၁၀)ဦးနှင့် ထနောင်းဝင်းကျေးရွာ၌ မိဘပြည်သူ (၇၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

အဆိုပါ မဲဆွယ်စည်းရုံးပွဲများသို့ စစ်ကိုင်းတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တြာ မင့်သိန်း (ဗဟိုအလုပ်အမှုဆောင်)၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဦးမင်းမင်းဇေယျာမြင့် (ပါတီလုပ်ငန်းစိစစ်ရေး)၊ ဒေါ်သိင်္ဂိဝင်းရွှေ (တိုင်းဒေသ ကြီးပါတီဘဏ္ဍာရေးမှူး)၊ တိုင်းဒေသကြီးပါတီအလုပ်အမှုဆောင် ဒေါ်ယဉ်မာဝင်း (တိုင်းဒေသကြီးပါတီ စာရင်းစစ်)၊ မုံရွာခရိုင်နှင့် မုံရွာမြို့နယ်ပါတီတို့မှ တာဝန်ရှိသူများ လိုက်ပါအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

အေးဇေယျာ